Tuesday, August 1, 2017

ရန်ကုန်-မန္တလေး (၁၁၅)မိုင် ဖြူးလမ်းအသုံးပြုခကောက်ခံရေးမှန်လုံခန်းကို ခရီးသည်ယာဉ်ဝင်တိုက်

Image may contain: outdoor
နေပြည်တော် ဇူလိုင် ၃၁
မကွေးမှရန်ကုန်သို့ ယာဉ်မောင်း ဝင်းမြင့် မောင်းနှင် လာသော မိုးသောက်ရောင်နီ ခရီးသည်တင်ယာဉ်သည် ယနေ့ နံနက် ၂ နာရီ ၁၅ မိနစ်က ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး (၁၁၅)မိုင် ဖြူး လမ်းအသုံးပြုခကောက်ခံရေး ဂိတ်အရောက်တွင် အတက်အဆင်းတံခါးပွင့်ကာ ကောက်ခံရေးမှန်လုံခန်းကို တံခါးဖြင့်ဝင်ရောက်တိုက်မိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် လမ်းအသုံးပြုခကောက်ခံနေသော အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို ဖြူးအမြန်လမ်း ရဲတပ်ဖွဲ့ပိုင် ယာဉ်ဖြင့် ဖြူးဆေးရုံသို့ပို့ဆောင် ပေးခဲ့ပြီး ယာဉ်မောင်းကို ဖြူးအမြန်လမ်း ရဲတပ်ဖွဲ့စခန်းက စစ်ဆေးလျက်ရှိကြောင်း သိရ သည်။
သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့

No comments:

Post a Comment