Wednesday, August 30, 2017

ကဘူးလ်မြို့ ရှိ ဘဏ်တစ်ခုကို အသေခံဗုံးခွဲသမားများက တိုက်ခိုက်ရာ ငါးဦးထက်မနည်းသေဆုံး


ကဘူးလ် သြဂုတ် ၂၉
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အကာအကွယ်များတင်းကျပ်စွာချထားသည့် အမေရိကန်သံရုံးအနီးရှိ ဘဏ်တစ်ခုကို အသေခံဗုံးခွဲသမားတစ်ဦးက အသေခံဗုံးခွဲမှု ပြုလုပ်ခဲ့ရာ လူငါးဦးထက်မနည်းသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အသေခံဗုံးခွဲသမားသည် သံရုံးအနီး ကဘူးလ်မြို့၏ လူကုံထံဧရိယာအတွင်းရှိ ကဘူးလ် ဘဏ်တစ်ခု၏ဝင်ပေါက်ကို ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နာဂျစ်ဒန်နစ်ရှ်က ပြောကြားခဲ့သည်။
တိုက်ခိုက်မှုကို တာလီဘန်တို့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါနေ့တွင် ဘဏ် များသည် ရက်သတ္တပတ် အကုန်လောက်တွင် ကျရောက်မည့် အစ္စလာမ်ဘာသာဝင် များ၏ အစ်အယ်လ်ဒါနေ့မတိုင်မီ ငွေလာရောက်ထုတ်ယူကြသူများဖြင့် အလုပ်များ လျက်ရှိသည်။ တာလီဘန်စစ်သွေြး<ွကများက တပ်မတော်သားများကိုပစ်မှတ်ထား ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့က ¤င်းတို့၏လစာငွေများကို ရုပ်သိမ်းသွား ခဲ့သည်။
ကဘူးလ်မြို့၌ နောက်ဆုံးဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲတိုက်ခိုက်မှုများသည် မြို့တွင်း၌ မည်မျှအ္တရာယ်ရှိနေကြောင်း မီးမောင်းထိုးပြခဲ့သည်။ ယခုနှစ်၏ပထမနှစ် ဝက်မှာပင် တိုက်ခိုက်မှုများကြောင့် သေဆုံးသူအရပ်သားအရေအတွက်မှာ ၂ဝ၉ ဦး အထိရှိခဲ့ပြီး ၇၇၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီဖြစ်ကြောင်း ကုလသမဂ္ဂကဖော်ပြသည့် ကိန်းဂဏန်းများအရ သိရသည်။
အစ္စလာမ္မစ်ဥပဒေများကို ပြန်လည်လွှမ်းမိုးနိုင်ရန်နှင့် ကဘူးလ်ရှိအစိုးရကို ကျောထောက်နောက်ခံပေးထားသည့် နိုင်ငံတကာအင်အားစုများကို တိုက်ထုတ် ပစ်နိုင်ရန် ကြိုးပမ်းနေကြသည့် တာလီဘန်စစ်သွေြး<ွကများသည် အာဖဂန်မြို့တော် ကဘူးလ်၌ တိုက်ခိုက်မှုများ အရှိန်မြင့်လုပ်ဆောင်လာလျက်ရှိသည်။
(ရိုက်တာ)

No comments:

Post a Comment