Wednesday, August 30, 2017

မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း အစည်းအဝေးတက်ရန်နှင့်ဆုယူရန် ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာ

Image may contain: 13 people, people smiling, people standing
ရန်ကုန် သြဂုတ် ၂၉
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပမည့် ASEAN Women's Business Conferenceသို့တက်ရောက်ရန် AWEN Focal အဖြစ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခိုင်ဇော်၊Speaker များဖြစ်ကြသော တွဲဖက်အတွင်းရေးမှူး ဒေါ်ချောခင်ခင်၊ အလုပ်အမှုဆောင် ဒေါ်ဝင်းအိခိုင်၊ ဥက္ကဋ္ဌဒေါ်လှဝတီ ဦးဆောင်သောအဖွဲ့ဝင်များနှင့် ASEAN Outstanding Women Entrepreneurs Awards ဆုရရှိသူ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ စီးပွားရေးလုပ်ငန်းရှင်အမျိုး သမီး ၁ဝ ဦးတို့သည် ယမန်နေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့်ထွက်ခွာသွားရာ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်းမှ ဘဏ္ဍာရေးမှူးဒေါ်မြင့်မြင့်အေး ဦးဆောင်သောအလုပ် အမှုဆောင်အဖွဲ့ဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။
(စောသိန်းဝင်း)

No comments:

Post a Comment