Wednesday, August 2, 2017

၂၆ မိနစ်တွင် ဂျွန်တယ်ရီကို လူစားလဲခဲ့သည့်ကိစ္စရပ်နှင့်ပတ်သက်ပြီး အက်ဖ်အေက ပြစ်ဒဏ်ချမှတ်မည်မဟုတ်

Image may contain: 9 people, people standing, people playing sports, crowd and outdoor
ဂျွန်တယ်ရီနှင့် ချယ်လ်ဆီးအသင်းတို့အနေဖြင့် တယ်ရီ၏ ချယ်လ်ဆီးကစားသမားဘဝ နောက်ဆုံးပွဲတွင် ပွဲချိန် ၂၆ မိနစ်၌ လူစားလဲခဲ့သည့်ကိစ္စရပ်နှင့်ပတ်သက်ပြီး အက်ဖ်အေ က ပြစ်ဒဏ်တစ်စုံတစ်ရာ ချမှတ်မည်မဟုတ်ကြောင်း သိရသည်။ ဆန်းဒါးလန်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် တယ်ရီကို သူ၏ကျောနံပါတ်နှင့်ကိုက်ညီတဲ့ ၂၆ မိနစ် တွင် လူစားလဲခဲ့ခြင်းဖြစ်သည်။ သို့သော် တယ်ရီ၏ လူစားလဲခံရမည့် မိနစ်ကို ဘွတ်ကီဒိုင်များက ကြေးဖွင့် လှစ်ခဲ့ရာ ကြေးအောင်သည့်သူ အများအပြားပေါ်ပေါက်ခဲ့ သဖြင့် ယင်းဖြစ်ရပ်ကို စုံစမ်းပေးရန် ဘွတ်ကီဒိုင်များက အက်ဖ်အေသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ သို့သော် အက်ဖ်အေက ယင်းကိစ္စရပ်မှာ စုံစမ်းစစ်ဆေးခံရမည့် ကိစ္စရပ်မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။
အဆိုပါပွဲမကစားမီ ချယ်လ်ဆီး မဂ္ဂဇင်းအယ်ဒီတာ တစ်ဦးက တယ်ရီကို ပွဲချိန် ၂၆ မိနစ်အပြီးတွင် လူစားလဲ မည်ဖြစ်ကြောင်း တွစ်တာစာမျက်နှာပေါ်တွင် ရေးသားခဲ့ ပြီးနောက် ဘွတ်ကီဒိုင်များက တယ်ရီ လူစားလဲခံရမည့် အချိန်ကို ကြေးဖွင့်လှစ်ခဲ့ကြရာ ပေါင်ထောင်ပေါင်းများစွာ လျော်ခဲ့ရသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ အက်ဖ်အေက လောင်းကစားကုမ္ပဏီများအနေဖြင့် လူစားလဲချိန်နဲ့ပတ်သက် တဲ့ သတင်းအချက်အလက်များ ရရှိခြင်းနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့သော်လည်း ချယ်လ်ဆီး၏ အတွင်းစည်း အတွင်း လောင်းကစားဒိုင်နှင့်ဆက်စပ်သည့် အချက် အလက်တစ်စုံတစ်ရာ သက်သေပြနိုင်ခြင်းမရှိသလို ပြုပြင် ထားချက်မျိုးမတွေ့ရဟု အက်ဖ်အေက တုံ့ပြန်ခဲ့သည်။
၂၆ မိနစ်တွင် လူစားလဲရေးမှာ တယ်ရီ၏ အိုင်ဒီယာ ဖြစ်ပြီး ကွန်တီဘက်လည်း တယ်ရီ၏ဆန္ဒကို လိုက်လျောခဲ့ ခြင်းဖြစ်သည်။ သို့သော် အင်္ဂလန်နာမည်ကျော်ကစား သမားဟောင်း အလန်ရှီးယားက ယင်းဖြစ်ရပ်မှာ မေးခွန်း ထုတ်ရမည့် ကိစ္စရပ်တစ်ခု ဖြစ်စေခဲ့သည်ဟု ဝေဖန်ခဲ့ သည်။ ဘီဘီစီအားကစားရေးရာ ကျွမ်းကျင်သူ ဂါရတ် ခရိတ်ခ်ကလည်း ''ဒါက သေချာအစီအစဉ်ချထားတယ် ဆိုတာ ထင်ရှားပါတယ်။ ဒီဖြစ်ရပ်က အနည်းငယ် စိတ်မသက်မသာ ဖြစ်စေတာကတော့ အမှန်ပဲဗျာ''ဟု သူ၏အယူအဆကို ဖွင့်ချခဲ့သည်။ သို့သော် ချယ်လ်ဆီး အသင်းသည် တိုက်စစ်မှူး ဒရော့ဘာ နှုတ်ဆက်ပွဲကလည်း အလားတူလုပ်ရပ်မျိုး လုပ်ဆောင်ခဲ့ဖူးပြီး ဒရော့ဘာ နှုတ်ဆက်ပွဲမှာလည်း ဆန်းဒါးလန်းနှင့်ပင် ကစားခဲ့ခြင်း မှာလည်း တိုက်ဆိုင်မှုတစ်ရပ်ဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment