Wednesday, August 2, 2017

ကွင်းလယ်လူ မာတစ် ပေါင်သန်း ၄ဝ ဖြင့် ချယ်လ်ဆီးမှ မန်ယူသို့ အပြီးသတ်ရောက်ရှိလာပြီ

Image may contain: 1 person, standing
မန်ယူအသင်းသည် ကွင်းလယ်လူ မာတစ်ကို ချယ်လ်ဆီးမှ ပေါင်သန်း ၄ဝ ဖြင့် သုံးနှစ်စာချုပ် ချုပ်ဆိုခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။ အသက်(၂၈)နှစ်အရွယ် ကွင်းလယ်လူ မာတစ်မှာ လင်ဒီလော့ဖ်နှင့် လူကာကူတို့အပြီး ယခုနှစ်နွေဈေးကွက်အတွင်း မန်ယူအသင်းသို့ တတိယမြောက် ရောက်ရှိခဲ့သော ကစားသမားဖြစ်လာခဲ့သည်။
မန်ယူအသင်း၏ ကာရင်တန်ကွင်းသို့ ဆေးစစ်ခံရန် မာတစ် ရောက်ရှိလာပြီး မန်ယူလေ့ကျင့်ရေးဝတ်စုံ ကျောနံပါတ် ၃၁ ကို ဝတ်ဆင်ထားသည့် ပုံများပေါ်ထွက်လာခဲ့သည်အထိ မော်ရင်ဟိုက အဆိုပါနေရာတွင် သူရှိမနေခြင်းကြောင့် အတည်မပြုနိုင်သေးပါဟု ငြင်းဆိုခဲ့သော်လည်း နောက်တစ်ရက်မှာပင် မာတစ် မန်ယူသို့ အပြီးသတ်ရောက်ရှိလာပြီဖြစ်သည်။ မော်ရင်ဟိုက မာတစ်မှာ ရည်မှန်း ချက်၊ သစ္စာရှိမှု စသည့် သူလိုချင်သည့် အရည်အသွေးအားလုံးရှိသည့် ကစားသမားဖြစ်သည်ဟု ချီးမွမ်းစကားဆိုခဲ့ကာ ''မာတစ်ဟာ မန်ယူကစားသမား၊ မော်ရင်ဟိုရဲ့ကစားသမားဖြစ်ပါတယ်''ဟု ဆိုခဲ့ သေးသည်။ မာတစ်ကလည်း မော်ရင်ဟိုနှင့် တစ်ကျော့ပြန်လက်တွဲ အလုပ်လုပ်ရမည်ဖြစ်သဖြင့် ကျေနပ်မိကြောင်းဆိုခဲ့ပြီး ''ချယ်လ်ဆီး အသင်းတွင် ရှိခဲ့တဲ့အချိန်များကို ကျေနပ်သလို ပရိသတ်များ ပံ့ပိုးမှု အပေါ်လည်း ကျေးဇူးတင်ပါတယ်။ ကစားဖော်အသစ်တွေနဲ့ လက်တွဲအလုပ်လုပ်ဖို့ကို ကျွန်တော် မစောင့်နိုင်တော့ပါဘူး'' ဟု ဆိုခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment