Wednesday, August 2, 2017

ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ၂၂ ဘီးတွဲယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိပြီး ဈေးဆိုင်အား ထပ်မံဝင်တိုက်

Image may contain: one or more people, people walking, people standing, sky and outdoor
ဖြူး သြဂုတ် ၁
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့နယ်မြေ ရဲစခန်းအပိုင်တွင် သြဂုတ် ၁ ရက် နံနက် ၇ နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၁၃၁/၁) နှင့် (၁၃၁/၂)အကြားတွင် မြောက်မှတောင်သို့ ယာဉ်မောင်း ဝင်းမြင့် (၄၅) နှစ် မုံရွာတောင်ရပ် မုံရွာမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 5H/----- ဆီဘောက်ဆာ ၂၂ ဘီးယာဉ်ကို မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်တွင် ယာဉ်မောင်း အိပ်ငိုက်၍ လမ်း၏ ယာဘက်ခြမ်းသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှလာသော 6M/----- ၂၂ ဘီးယာဉ်အား ဝင်ရောက်တိုက်မိခဲ့ပြီး အနီးရှိ ကုန်စုံ ဈေးဆိုင်အား ထပ်မံတိုက်မိခဲ့ရာ ဈေးဆိုင်မှာပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဝင်းမြင့်အား ကညွတ်ကွင်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)

No comments:

Post a Comment