Wednesday, August 2, 2017

ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းများတွင်တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိ

No automatic alt text available.
နေပြည်တော် သြဂုတ် ၁
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်တွင် စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ်ပို့ကုန် ၄၆၅ စီး၊ သွင်းကုန် ၅၇၃ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ်ပို့ကုန် ၅၂ စီး၊ သွင်းကုန် ၁၇၄ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက် ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့ သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက် လျက်ရှိရာ ဇူလိုင် ၃၁ ရက်တွင် မူဆယ်မှ မန္တလေးသို့ သွားရောက်မည့်ISUZUခြောက်ဘီးယာဉ် တစ်စီးနှင့် Nissan UD ၁၂ ဘီးယာဉ်တစ်စီးတို့ကို သတင်းအရ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေး အဖွဲ့က တားဆီးစစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာလွှာ တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Composite Board ပြား ၄ဝဝ၊Rice Cooker (1x12) 50 Pkgs၊ Steel Kettle (1x40) 23 Pkgs၊ Steel Food Carrier (1x40) 40 Pkgs (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂ ဒသမ ၅၆ဝ သန်း ခန့်) ကိုတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)

No comments:

Post a Comment