Wednesday, August 2, 2017

ဒုက္ခသည်များကို နှိပ်စက်မှုဖြင့် တူရကီတပ်ဖွဲ့ဝင်များကို တရားစွဲမည်

Image may contain: one or more people and outdoor
အန်ကာရာ သြဂုတ် ၁
တူရကီတပ်ဖွဲ့ဝင်အချို့အား ဆီးရီးယား နိုင်ငံရှိ ဒုက္ခသည်များကို ညှဉ်းပန်းနှိပ်စက် သဖြင့် ဖမ်းဆီးလိုက်ပြီး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း တူရကီစစ်ဘက်ဆိုင်ရာ ညွှန်ကြားကွပ်ကဲရေးဌာနချုပ်မှ ကြေညာ ချက်တစ်စောင်မကြာသေးမီက ထုတ်ပြန် လိုက်သည်။
တူရကီနိုင်ငံ တောင်ပိုင်းဟာတေ ပြည်နယ် နယ်စပ်ဒေသ၌ တူရကီ တပ်ဖွဲ့မှ လှည့်ကင်းဆောင်ရွက်နေစဉ် အတွင်း တူရကီနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းနေသော ဆီးရီးယားဒုက္ခသည် လေးဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထို့နောက် ယင်းဒုက္ခသည်များကို ပြန်လွှတ်ပေးလိုက် ကြောင်း သိရသည်။
သို့သော်လည်း ဖမ်းဆီးမှုအတွင်း ဒုက္ခသည်များကို ကန်ကျောက်ခဲ့ကြပြီး ထိုးနှက်မှုများပြုလုပ်ခဲ့သည်ကို တပ်ဖွဲ့ဝင် တစ်ဦးရိုက်ယူခဲ့သော လက်ကိုင်ဖုန်း၏ ရုပ်သံဖိုင်ထဲတွင် တွေ့မြင်ခဲ့ရကြောင်း၊ အဆိုပါ ဗီဒီယိုဖိုင်မှာလည်း လူမှု ကွန်ရက်တွင် ပျံ့နှံ့သွားပြီး ဝေဖန်မှု များစွာဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ခဲ့သည့် တူရကီတပ်ဖွဲ့ဝင် လေးဦးအား ဒုက္ခသည်များကို ညှဉ်းပန်း နှိပ်စက်မှုဖြင့် တရားစွဲဆိုလိုက်ကြောင်း သိရသည်။
တူရကီတပ်ဖွဲ့ဝင်များသည် ဒုက္ခ သည်များကို နှိပ်စက်ညှဉ်းပန်းခြင်း သည် တူရကီနိုင်ငံတပ်ဖွဲ့၏ ဂုဏ်သိက္ခာ ကို ပျက်စီးစေသောကြောင့် စစ်ဘက် ဆိုင်ရာအနေဖြင့် စုံစမ်းမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment