Wednesday, August 30, 2017

ဘာစီလိုနာအသင်း ပရိသတ်မိတ်ဆက်ပွဲမှာ ထင်သလိုစွမ်းဆောင်မပြနိုင်ခဲ့တဲ့ ဒမ်ဘီလီ

Image may contain: 2 people, people smiling, people standing
ဘာစီလိုနာအသင်းက လူငယ်တိုက်စစ်မှူးလေး ဒမ်ဘီလီကို ပေါင် ၁၃၅ ဒသမ ၅ သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် ပရိသတ်တွေနဲ့ မိတ်ဆက်ပွဲပြုလုပ်ခဲ့ရာမှာ ပရိသတ် ၁၈ဝဝဝ ထိ တက်ရောက်ခဲ့ကြပါတယ်။ ဒမ်ဘီလီက ဘာစီလိုနာမှာ နေမာဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၁၁)ကို ဝတ်ဆင်ခွင့်ရခဲ့ပြီး ဒီမိတ်ဆက်ပွဲကို မီဒီယာသမားတွေ အတော်များများလည်း တက်ရောက်သတင်းရယူခဲ့ကြပါတယ်။ ကစားသမားတစ်ဦး ပရိသတ်တွေနဲ့မိတ်ဆက်ရင် ဘောလုံးစွမ်းရည်ပြသမှုကိုပါ တစ်ပြိုင်နက်တည်းပြသခဲ့တဲ့ အစဉ်အလာအတိုင်း ဒမ်ဘီလီကလည်း သူ့ရဲ့ ဘောလုံးစွမ်းရည်ကို ပရိသတ် ၂ဝဝဝဝ နီးပါးရှေ့မှာ ပြသခွင့်ရခဲ့ပေမယ့် ဘောလုံးကို တို့ထိမှုမှာ စွမ်းဆောင်ရည်ပိုင်း အကောင်းဆုံးပုံစံရှိမနေခဲ့တာကို တွေ့ရပါတယ်။ ဘောလုံးကို ခြေနှစ်ဖက်စလုံးနဲ့ ထိန်းချုပ်တဲ့နေရာမှာ လိုအပ်မှု တွေရှိခဲ့တာကြောင့် ပေါင် ၁၃၅ သန်းတန် ကစားသမားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်မျိုးတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် နေမာရဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့ပြီးနောက် ဘောလုံးဈေးကွက်အတွင်း ငွေကြေးဖောင်းပွမှု ဖြစ်လာခဲ့တာ ကြောင့် ဒမ်ဘီလီအတွက် ပေါင် သန်း ၁၅ဝ နီးပါးအထိ သုံးစွဲခဲ့ရတယ်ဆိုတာကို ဘာကာဥက္ကဋ္ဌ ဘာတိုမူက ဝန်ခံခဲ့ပါတယ်။ ဒမ်ဘီလီက သူဟာငယ်စဉ်ကတည်းက ဘာစီလိုနာအသင်းပွဲတွေကို ကြည့်ရှုရင်း ကြီးပြင်းလာခဲ့သူဖြစ်တာကြောင့် အခုလိုအသင်းရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ခွင့်ရခြင်းအတွက် ဂုဏ်ယူကြောင်း ဆိုပါတယ်။
မေလဲ့သင်း

No comments:

Post a Comment