Tuesday, August 29, 2017

မြန်မာအမျိုးသမီးများနှင့် ယဉ်ကျေးမူရာ စာတမ်းဖတ်ပွဲကျင်းပ

Image may contain: one or more people
ရန်ကုန် သြဂုတ် ၂၈
ရန်ကုန်အနောက်ပိုင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့၏ ''မြန်မာအမျိုးသမီးများနှင့် ယဉ်ကျေးမူရာ'' စာတမ်းဖတ်ပွဲကို သြဂုတ် ၂၆ ရက် နံနက် ၁ဝ နာရီက ကမာရွတ်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း သပြေ ခန်းမ၌ကျင်းပရာ ရန်ကုန်အနောက်ပိုင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်ခိုင်က အဖွင့်အမှာစကားပြောကြားသည်။ထို့နောက် ကမာရွတ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လှက ''မြန်မာ အမျိုးသမီးများနှင့် ယဉ်ကျေးမူရာ''စာတမ်းကို ဖတ်ကြားဆွေးနွေးသည်။
အဆိုပါစာတမ်းဖတ်ပွဲသို့ အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကမာရွတ်မြို့နယ် အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာနွယ်နီလွင်နှင့် ဆရာမများ၊ ကျောင်းသူများ စုစုပေါင်းအင်အား ၄ဝဝ ကျော် တက်ရောက်ကြောင်း သိရသည်။
(ခင်မောင်သော်)

No comments:

Post a Comment