Tuesday, August 29, 2017

ကတ္တရာခင်းခြင်းနှင့် ရေပြွန်တံတားတည်ဆောက်ခြင်းလုပ်ငန်းများ စစ်ဆေး

Image may contain: one or more people
သရက် သြဂုတ် ၂၈
မကွေးတိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဇော်မင်း၊ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်တို့သည် သြဂုတ် ၂၆ ရက်က သရက်မြို့ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး၌ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ရုံးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
မကွေးတိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး၊ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး တို့က မြို့နယ်စည်ပင်သာယာရေးလုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပရေး၊ ရေပေးရေး၊ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိစွာ ဆောင်ရွက်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများအနေဖြင့် တာဝန်ကျေရုံသာမဟုတ်ဘဲ စေတနာထား၍ ဆောင်ရွက်စေလိုကြောင်း မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းနိုင်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြသည်။ ယင်းနောက် မကွေးတိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ပထမသုံးလပတ် ဆောင်ရွက်ထားရှိသည့် မဟာဗန္ဓုလလမ်း ကတ္တရာခင်းခြင်းနှင့် ရေပြွန်တံတားတည်ဆောက်ခြင်းလုပ်ငန်းများ၊ မြို့ရေ ပေးရေး ရေစုကန်တို့ကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)

No comments:

Post a Comment