Tuesday, August 29, 2017

နောင်တတရားတွေအကြောင်းဖွင့်ဟလာတဲ့ စူလီ

Image may contain: 1 person, standing and closeup
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အနုပညာကြယ်ပွင့်တစ်ဦးဖြစ်တဲ့ စူလီဟာ ကောင်းသတင်းနဲ့ရော ဆိုးသတင်းနဲ့ပါ ကျော်ကြားတဲ့ ကြယ်ပွင့်တစ်ဦးဖြစ်ပါတယ်။ သူဟာ ဂီတနယ်ပယ်ဘက်မှာသာမက သရုပ်ဆောင်တစ်ဦးအဖြစ်ပါ အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ ကြယ်ပွင့်တစ်ဦးဖြစ်ကာ ချောမောလှပပြီး ဖက်ရှင်ကျကျဝတ်ဆင်တတ်တဲ့သူ တစ်ဦးအဖြစ် အနုပညာလောကမှာ ထင်ရှားသူဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာနဲ့ပတ်သက်ပြီး သတင်းတွေကတော့ အကောင်းချည်းမဟုတ်ခဲ့ပါဘူး။ သူဟာ အချစ်ရေးနဲ့ပတ်သက်ပြီး နာမည်ဆိုးတွေရှိနေသလို လူမှုကွန်ရက်မီဒီယာပေါ်က သူ့ရဲ့အပြုအမူတွေကြောင့်လည်း ဝေဖန်မှုတွေနဲ့ အမြဲလိုလို တွေ့ကြုံခဲ့ရသူလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ စူလီက သူ့ရဲ့ဘဝတစ်သက်တာမှာ အကြီးမားဆုံးနောင်တရစရာနဲ့ပတ်သက်ပြီး အင်တာဗျူး တစ်ခုမှာ ဖွင့်ဟခဲ့တာတွေ့ရပါတယ်။
စူပါစတားတစ်ဦးဖြစ်တဲ့ စူလီကတော့ သူ့ရဲ့အကြီးမားဆုံးသော နောင်တဟာ တက္ကသိုလ်မတက်ခဲ့တာဖြစ်တယ်လို့ မဂ္ဂဇင်းအင်တာဗျူး တစ်ခုမှာ ဖွင့်ဟပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီလိုတက္ကသိုလ်မတက်ခဲ့တဲ့ အတွက် အလွန်ကို နောင်တရမိနေပြီး သူ့ရဲ့ဘဝမှာ အလုပ်ချင်ဆုံးသော အရာဟာလည်း တက္ကသိုလ်တက်ရောက်ဖို့ဖြစ်တယ်လို့လည်း ဖွင့်ဟခဲ့ ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
သူ့ရဲ့ဆန္ဒတွေနဲ့ပတ်သက်ပြီးလည်း စူလီက ''အခုဆို ကျွန်မ အသက်ရှင်နေထိုင်လာတာ ၂၄ နှစ်ကျော်ခဲ့ပါပြီ။ ဒီအရွယ်အထိ ဘဝမှာနောင်တအရဆုံးကိစ္စကတော့ တက္ကသိုလ်မတက်ဖြစ်ခဲ့တာကိုပါ။ ကျွန်မအမြဲတမ်းတက်ချင်နေခဲ့တာပါ။ ဒါပေမယ့်မတတ်နိုင်ခဲ့ဘူး။ ကျွန်မရဲ့ အသက်အရွယ်မှာတော့ နောက်ကျနေပြီဆိုပေမယ့် အသေအချာကို တက်ရောက်သွားမှာပါ'' လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးစူလီက သူ့အနေနဲ့ ငယ်ရွယ်တဲ့ အသက်အရွယ်မှာ ကေပေါ့ပ်ကြယ်ပွင့်တစ်ဦးအဖြစ် တေးဂီတလောကအတွင်း မဝင်ရောက်ခဲ့ပါက ဖြစ်လာနိုင်တဲ့သူ့ရဲ့ဘဝနဲ့ပတ်သက်ပြီး မကြာမကြာ စဉ်းစားမိကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။ စူလီက သူဟာ ငယ်ရွယ်တဲ့အချိန်မှာ အနုပညာလောကလို ကြီးမားတဲ့အဖွဲ့ အစည်းတစ်ခုနဲ့ စတင်ထိတွေ့ခြင်းမျိုးထက် သေးငယ်တဲ့ လူ့အဖွဲ့အစည်းလေးတွေမှာ ပထမဆုံးပါဝင်လှုပ်ရှားခဲ့ပါက ပိုမို ကောင်းမွန်မှာဖြစ်ကြောင်းလည်း အင်တာဗျူးမှာ ဖြေကြားခဲ့တယ် လို့ သိရပါတယ်။
စူလီဟာ ကလေးသရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာ လောကနဲ့စတင်သိကျွမ်းခဲ့ပြီး နောက်ပိုင်းမှာ အမျိုးသမီးတေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''်(ထ)''ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် တေးဂီတ လောကမှာ အောင်မြင်မှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်အတွင်းမှာတော့ စူလီဟာ သရုပ်ဆောင်တစ်ဦး အဖြစ် အနုပညာခရီးဆက်လိုတာကြောင့် တေးဂီတအဖွဲ့ ကနေနုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာတော့ စူလီဟာ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်တွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ စူလီ က လက်ရှိသူရောက်ရှိနေတဲ့နေရာဟာ သူ့ဘဝအတွက် တော့ အကောင်းဆုံးနဲ့ အသင့်တော်ဆုံးဖြစ်တယ်လို့လည်း ဖွင့်ဟခဲ့တယ်လို့လည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment