Tuesday, August 29, 2017

ကျောင်းကျန်းမာရေးစံပြဆုရကျောင်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Image may contain: 6 people, people smiling, people standing and indoor
ပဲခူး သြဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၂ဝ၁၆-၂ဝ၁၇ပညာသင်နှစ်ကျောင်းကျန်းမာရေးစံပြဆုရ အခြေခံပညာကျောင်းများ ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ် ၂၈ ရက် နံနက် ၉ နာရီခွဲက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က အမျိုးသားကျန်းမာရေးအစ စာသင်ကျောင်းကဆိုသည့် အတိုင်း နိုင်ငံတော်အတွက်အရေးပါလှသော အင်အားစုတစ်ရပ်ဖြစ်သည့် နိုင်ငံ့ရတနာ ကျောင်းသားလူငယ်များအတွက် ဆောင်ရွက်နေသည့် ကျောင်းကျန်းမာရေးလုပ်ငန်းသည် အလွန်အရေးပါလှသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များကို ငယ်စဉ်ကတည်းက ထိရောက်သည့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုနှင့် မူမှန်သည့် ကျန်းမာရေး အလေ့အကျင့်ကောင်းများ အခြေချပေးနိုင်မှသာ တစ်မျိုးသားလုံး၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် စိတ်အေးရမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်သန်းက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားဆောင်ရွက်မှု အခြေအနေအား ရှင်းလင်းပြောကြားပြီး ကျောင်းကျန်းမာရေး စံပြဆုရ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပထမ၊ ဒုတိယ၊တတိယဆုရရှိသောကျောင်းများအား စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင် လွင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်သန်းနှင့် တိုင်းဒေသကြီးအဆင့်
ဌာနဆိုင်ရာများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက်ကျောင်းသား ကျောင်းသူလေး များက ဇာတိမာန်သီချင်းသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းပြီး ပြသထားသော ကျောင်းကျန်းမာရေးလှုပ်ရှားမှုပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးကြသည်။
ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အား အခြေခံပညာစာသင်ကျောင်းများအနေဖြင့်ကျောင်းနှင့် ကျောင်းဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း
များဆောင်ရွက်နိုင်ရန်၊ ကျောင်းကျန်းမာရေး စစ်ဆေးရေးနှင့် ကုသရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်၊ ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်စေရန်၊ ကျောင်းကျန်းမာရေးဆိုင်ရာပညာပေးလုပ်ငန်းများဆောင်ရွက်စေရန်၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါလုပ်ဆောင်မှုအပေါ် ပညာသင်နှစ်
အလိုက် ခရိုင်လေးခရိုင်မှ ခရိုင်တစ်ခုစီတွင် ထက်၊ လယ်၊ မူအဆင့်တို့၌ ပထမ၊ ဒုတိယ၊ တတိယ တစ်ကျောင်းစီရွေးချယ်ကာ စုစုပေါင်း ၃၆ ကျောင်း
အား ကျောင်းကျန်းမာရေးစံပြဆုရကျောင်းများအဖြစ် စိစစ်ရွေးချယ်ချီးမြှင့်ပေးခြင်းဖြစ်ကြောင်းသိရသည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment