Wednesday, August 2, 2017

အစိုးရအဖွဲ့အတွင်းရှိဝန်ကြီးများအား အပြောင်းအလဲလုပ်မည်ဟု ရှင်ဇိုအာဘေးကြေညာ

Image may contain: 10 people, people sitting and indoor

တိုကျို သြဂုတ် ၁
ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးသည် လက်ရှိအာဏာရပါတီ၏ခေါင်းဆောင်ပိုင်းနှင့် အစိုးရအဖွဲ့အတွင်းရှိဝန်ကြီးများအား လာမည့်ကြာသပတေးနေ့တွင် နေရာအပြောင်း အလဲ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ကြေညာခဲ့သည်ဟု သိရသည်။
အဂ¯နေ့တွင်ပြုလုပ်ခဲ့သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဝင်များ၏ အမှုဆောင် အရာရှိများ တွေ့ဆုံဆွေးနွေးမှုအတွင်း ဝန်ကြီးချုပ်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိအစိုးရအဖွဲ့ကိုသြဂုတ် ၃ ရက်တွင် ခန့်အပ်မှုပြုလုပ်ခဲ့ပြီးတစ်နှစ်အကြာတွင် အသစ်ပြန်လည်ပြောင်းလဲခန့်အပ်မှုများ ပြုလုပ်ရန် ရည်ရွယ်ထားခဲ့ကြောင်း အာဘေးက ပြောကြားခဲ့သည်။ အကြီးတန်းပါတီဝင်များသည် အာဘေးအားလွတ်လပ်စွာ ပြန်လည်ခန့်အပ်ခွင့်ပေးရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ အတွင်းရေးမှူးချုပ် တိုရှီဟီရိုနီကိုင်က နေရာပြောင်းလဲခန့်အပ်မှုများပြုလုပ်မည့် အာဘေး၏ ဆုံးဖြတ်ချက် ကို အတည်ပြုထောက်ခံကြောင်း ပြောကြားခဲ့သည်။
ပြည်သူများသည် ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် ထင်မြင်ယူဆချက် မျိုးစုံထွက်ပေါ်လျက်ရှိနေသည်ဖြစ်ရာ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီအနေဖြင့်လည်း သတိထားရှောင်ကြဉ်ရမည့်အချက်များကို ဂရုပြုရန်လိုအပ် ကြောင်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။
(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment