Tuesday, August 29, 2017

သင်္ဘောနှစ်စင်းတိုက်မိရာမှ ပျောက်ဆုံးနေသော သင်္ဘောသားများ၏ အလောင်းများကို ဆယ်ယူရရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန်ရေတပ်မတော်ပြောကြား

Image may contain: 9 people, people smiling, hat and closeup

စင်ကာပူ သြဂုတ် ၂၈
အမေရိကန် ရေတပ်ဖျက်သင်္ဘော ဂျွန်မက်ကိန်းသည် မလေးရှားနှင့် စင်ကာပူအနီးရှိ ရေပိုင်နက်အတွင်း၌ ရေနံတင်သင်္ဘောတစ်စင်းနှင့် တိုက်မိခဲ့ ပြီးနောက် ဖျက်သင်္ဘောပေါ်တွင်လိုက်ပါ လာသည့်သင်္ဘောသား ၁ဝဦး ပျောက်ဆုံး သွားခဲ့ရာ ပျောက်ဆုံးနေသော သင်္ဘော သားများ သေဆုံးသွားကြောင်း အတည် ပြုနိုင်ခဲ့ပြီး ¤င်းတို့၏အလောင်းများ အားလုံးကို ပြန်လည်ဆယ်ယူရရှိခဲ့ပြီး ဖြစ်ကြောင်း အမေရိကန်ရေတပ်က ပြော ကြားခဲ့သည်။
အဆိုပါဖျက်သင်္ဘောသည် ပြီးခဲ့ သည့် ရက်သတ္တပတ်က စင်ကာပူ ဆိပ်ကမ်းသို့လမ်းကြောင်းထွက်ခွာ လာ ခဲ့စဉ် စင်ကာပူအရှေ့ပိုင်း၌ Alnic MCသင်္ဘောနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။
အမေရိကန်ရေတပ်နှင့် ရေငုပ် တပ်ဖွဲ့ဝင်များက ယူအက်စ်အက်စ်ဂျွန် မက်ကိန်းသင်္ဘောသား ၁ဝ ဦးလုံး၏ အလောင်းများကို ရှာဖွေဆယ်ယူနိုင် ခဲ့ကြောင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ သည်။
သင်္ဘောသားတစ်ဦး၏ အလောင်း ကို ရှာတွေ့ခဲ့ပြီး မည်သူဖြစ် ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီးနောက်တွင် အမေရိကန်ရေတပ်က ရှာဖွေရေး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေမှုနှင့်ကယ်ဆယ်ရေး ဆောင်ရွက်မှုများကို ရပ်နားလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က ထုတ်ပြန်ကြေညာ ခဲ့ပြီးနောက်တွင် သင်္ဘောသား၁ဝ ဦးတို့ ၏အလောင်းများကို ရရှိခဲ့သည့်သတင်း ပေါ်ထွက်လာခဲ့သည်။
ပျောက်ဆုံးနေသည့် သင်္ဘောသား များ၏အလောင်းကို စင်ကာပူရှိ ချန်ဂီရေတပ် အခြေစိုက်စခန်း၌ ဆိုက်ကပ်ထားသည့် ဖျက်သင်္ဘော၏ ထိခိုက်ပျက်စီးသွားသည့် ကိုယ်ထည်ပိုင်း ရှိ အလုံပိတ်အခန်းတစ်ခုအတွင်း၌ ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း ရေတပ် မတော်က ပြောကြားခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment