Tuesday, August 1, 2017

ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်ခုံးကျော်တံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား

Image may contain: 1 person, car and outdoor
ရန်ကုန် ဇူလိုင် ၃၁
ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက် ကမ္ဘာအေးဘုရားလမ်း ရွှေဂုံတိုင် ခုံးကျော်တံတားပေါ်တွင် ယနေ့ နံနက် ၁ဝ နာရီက ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွား ခဲ့သည်။
ဖြစ်စဉ်မှာ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း နှင်းဆီကုန်းဘိုးဘွား ရိပ်သာဘက်မှ မောင်းနှင်လာသော Mazda Demio အမျိုးအစားTaxi 9E /---- ယာဉ်သည် ခုံးပေါ်တွင် ဂငယ်ကွေ့ကွေ့လိုက်ရာ တစ်ဖက်ယာဉ်ကြောမှ တက်လာသောYBS(36)5N----- ယာဉ်နှင့် တိုက်မိပြီး တက္ကစီယာဉ်မောင်း (စိုးရိမ်ရ)အား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။ အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဗဟန်းမြို့နယ် ယာဉ်မှုစစ်ဌာနမှ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)

No comments:

Post a Comment