Wednesday, August 30, 2017

အမ်တီဗွီဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေနိုင်ခြင်းမရှိခဲ့တဲ့ သယ်ဝိခ်ကန်းဒ်

Image may contain: 1 person, sunglasses, beard and closeup
ကနေဒါနိုင်ငံသား ဂီတကြယ်ပွင့်တစ်ဦးဖြစ်ပြီး နိုင်ငံတကာတေးဂီတဝက်ဘ်ဆိုက် တွေမှာ ထိပ်ဆုံးမှာနေရာရခဲ့ဖူးတဲ့ သယ်ဝိခ်ကန်းဒ်ဟာ လတ်တလောမှာ ကျင်းပခဲ့တဲ့ အမေရိကန်တေးဂီတထူးချွန်ဆုပေးပွဲတစ်ပွဲဖြစ်တဲ့ အမ်တီဗွီ တေးဗီဒီယိုဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေနိုင်ခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။
ယခင်က ပါဝင်ဖျော်ဖြေသွားဖို့အတွက် စီစဉ်ထားခဲ့ပြီးဖြစ်ပေမယ့် လတ်တလောပြုလုပ်နေတဲ့ သူ့ရဲ့နယ်လှည့်ဖျော်ဖြေရေး အစီအစဉ်တွေကြောင့် အဆိုပါဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေသွားမယ့်အစီအစဉ်ကို သယ်ဝိခ်ကန်းဒ်က ဖျက်သိမ်းခဲ့တာဖြစ်တယ်လို့လည်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မှာ ကျင်းပခဲ့တဲ့ ယခုနှစ်အတွက် အမ်တီဗွီတေးဗီဒီယိုဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေသွာဖို့အတွက် ပြင်ဆင်မှုတွေ၊ အကြိုလေ့ကျင့်မှုတွေနဲ့အတူ ဖျော်ဖြေရမယ့်နေ့ရက်တွေဟာ သူ့ရဲ့နယ်လှည့်ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ တိုက်ဆိုင်နေတာဖြစ်ပြီး ရှိပြီးသားဖျော်ဖြေရေးအစီအစဉ်တွေကြောင့် ယခုလို ပါဝင်နိုင်ခဲ့ခြင်းမရှိတာဖြစ်တယ်လို့လည်း သိရပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ ''Starboy''တေးအယ်လ်ဘမ်နဲ့ ဘေဘုတ်တေးဂီတဝက်ဘ်ဆိုက်မှာပါ ထိပ်တန်း က ရပ်တည်နေခဲ့သူဖြစ်ပြီး လတ်တလောမှာလည်း ယင်းတေးအယ်လ်ဘမ်အတွက် နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်တွေကို ပြုလုပ်နေတာဖြစ်တဲ့ သယ်ဝိခ်ကန်းဒ် ဟာ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံတွေမှာ ဖျော်ဖြေပွဲ တွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment