Wednesday, August 30, 2017

ဒိုင်နိုဆောဇာတ်ကားအတွက် ဂုဏ်ယူမိတယ်ဆိုတဲ့ နန်းဆုဦး

Image may contain: 1 person, shoes
ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးတဲ့Dinosaurs Village(Journey to the Pangaea) ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် နန်းဆုဦး က ဒီဇာတ်ကားအတွက် ဂုဏ်ယူမိကြောင်း ပြောဆိုလိုက်ပါတယ်။
''ဦးညိုနဲ့ရိုက်ထားတဲ့ ဒိုင်နိုဆော ဗစ်လစ်ဂ်ျ မှာက ဇာတ်ကားနာမည် ကိုက ဒိုင်နိုဆော ဗစ်လစ်ဂ်ျ ဖြစ်တဲ့အတွက် ဒိုင်နိုဆောတွေနဲ့ရိုက်တာပေါ့ နော်။ ညီမတို့ ပုံမှန်ရိုက်နေကျက လူတွေနဲ့ရိုက်ရတာလေ။ ဒီဇာတ်ကားကျတော့ cut by cut ပေါ့။ တစ်ခြမ်းစီရိုက်ရတာများတယ်။ ဒိုင်နိုဆောဆိုလည်း တကယ်တမ်း ဒိုင်နိုဆောမရှိဘူး၊၊ စတူဒီယိုထဲမှာပဲ ရိုက်ရတာတွေများတယ်။ အဲလိုမျိုးတွေဆိုတော့ ညီမတို့အနေနဲ့က လုပ်နေကျပုံစံမျိုးမဟုတ်ဘူးပေါ့။ အဲလိုမျိုးတွေရိုက်လာရတဲ့အခါကျတော့ ကိုယ့်အတွက်က အသစ်အဆန်း ဖြစ်တာပေါ့''လို့ နန်းဆုဦးက ဒိုင်နိုဆောဇာတ်ကားရိုက်ကူးနေရတဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။
ပြည်တွင်းမှာ ပထမဆုံးရိုက်ကူးတဲ့ သိပ္ပံရုပ်ရှင်ဇာတ်ကား ဖြစ်တဲ့အတွက် အခက်အခဲတွေနဲ့အတူ ဂုဏ်ယူမိတယ်လို့ နန်းဆုဦးက ဆက်လက်ပြောဆို ပါတယ်။ ''ညီမတို့အနေနဲ့က ဝေဖန်တာ၊ မဝေဖန်တာထက်စာရင် ဦးညိုက လည်း သူငယ်ငယ်ကတည်းက ဒါမျိုးတွေကြိုက်တယ်။ ရိုက်ချင်တယ်။ ညီမတို့ ကလည်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဒီလိုမျိုးမလုပ်ဖူးတဲ့ ဇာတ်ကောင် စရိုက်ကိုလုပ်ချင်တယ်။ ဇာတ်လမ်းဆန်းလေးတွေလုပ်ချင်တယ်။ အဲဒီအတွက် အကုန်လုံးက အကောင်းဆုံးကြိုးစားပြီးလုပ်ဖြစ်သွားတာပါ။ နိုင်ငံခြားက တကယ့်ဒိုင်နိုဆောဇာတ်ကားတွေလိုမျိုး အဲလောက်ထိ ဒီမှာက ခေတ်မမီဘူး။ နည်းပညာပိုင်းလည်း ခေတ်မမီဘူးပေါ့။ ဒစ်ဂျစ်တယ်ပိုင်းတွေလည်း ခေတ်မမီ တဲ့အခါကျတော့ အဲလောက်ထိတော့ သူတို့နောက်ကို လိုက်နိုင်ချင်မှ လိုက်နိုင် မယ်။ ဒါပေမယ့် ညီမတို့ဆီမှာရှိတဲ့ပစ္စည်းကိရိယာတွေနဲ့ ညီမတို့ တတ်နိုင် သလောက် အကောင်းဆုံးကြိုးစားထားတဲ့အတွက်ကြောင့် ပရိသတ်တွေရဲ့ တုံ့ပြန်မှုကတော့ ကောင်းမယ်လို့တော့ မျှော်လင့်ပါတယ်။ ပြီးတော့ ဒီမှာက ရုပ်ရှင်ကားကြီးအနေနဲ့လည်း သိပ္ပံဇာတ်ကားမျိုးတွေ မရှိဘူး။ ပရိသတ်တွေ အနေနဲ့ကလည်း ကြည့်ချင်ကြမယ်လို့ထင်တယ်။ ညီမသာ ပရိသတ်ဆိုလည်း ဘယ်လိုလေးတွေရိုက်ထားလဲဆိုပြီး ကြည့်ချင်မှာပဲ။ ငါတို့မြန်မာပြည်ကွဆိုပြီး ညီမကတော့ ဘာပဲပြောပြော ဂုဏ်ယူပါတယ်။ ရုပ်ရှင်ကားကြီးအနေနဲ့ ဘယ်သူမှမရိုက်သေးတဲ့ သိပ္ပံကားတွေကို ဦးညို စပြီးတော့ရိုက်ကြည့်တာပေါ့။ ဦးညိုအတွက်ညီမကတော့ ဝမ်းလည်းဝမ်းသာတယ်။ ဂုဏ်လည်းယူတယ်။ အားလည်းပေးပါတယ်''လို့ နန်းဆုဦးက ပြောပြခဲ့ပါတယ်။
ဒီရုပ်ရှင်ကို ‘ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ညကျောင်း ကိုယ်ပိုင်ထုတ်လုပ် ရေးက ထုတ်လုပ်ရိုက်ကူးခဲ့တာဖြစ်ပြီး နန်းဆုဦးနဲ့အတူ အခြားသရုပ်ဆောင် များစွာ ပါဝင်သရုပ်ဆောင်ထားကြတယ်လို့ သိရပါတယ်။
အေးပြည့်

No comments:

Post a Comment