Wednesday, August 2, 2017

ပရီမီယာလိဂ် ထုတ်ပယ်ခံရမည့် နည်းပြများအဖြစ် ဘင်နီတက်ဇ်၊ ကွန်တီတို့ ထိပ်ဆုံးမှ ရေပန်းစား

Image may contain: 1 person, sitting
၂ဝ၁၇-၂ဝ၁၈ ဘောလုံးရာသီ မကြာမီစတင်တော့မည် ဖြစ်ရာ နည်းပြထုတ်ပယ်မှု အင်မတန်မြင့်မားသည့် ပရီမီယာလိဂ်တွင် နယူကာဆယ်နည်းပြ ဘင်နီတက်ဇ်၊ စတုတ်နည်းပြ မားဟုခ်ျ၊ ဝက်စ်ဟမ်းနည်းပြ ဘီလစ်၊ လက်ရှိချန်ပီယံ ချယ်လ်ဆီးနည်းပြ ကွန်တီ၊ လက်စတာ နည်းပြ ခရိတ်ရှိုတ်စပီးယားတို့မှာ ထုတ်ပယ်ခံရမည့် နည်းပြများအဖြစ် ထိပ်ဆုံးနေရာတွင် အစဉ်လိုက် ရပ်တည်နေသည်။
နယူးကာဆယ်အသင်းကို ပရီမီယာလိဂ်သို့ တန်းပြန်တက်နိုင်အောင် ဦးဆောင်မှုပေးနိုင်သည့် နည်းပြ ဘင်နီတက်ဇ်၏ အမည်က ၇/၂ ဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး မားဟုခ်ျက ၁၁/၂၊ ဘီလစ်က ၆/၁၊ ကွန်တီ ၈/၁နှင့် ရှိုတ်စပီးယားက ၉/၁ ဖြင့် ထိပ်ဆုံးမှ ရပ်တည်နေသည်။ သို့သော် အာဆင်နယ်နည်းပြ ဝင်းဂါး၊ မန်ယူနည်းပြ မော်ရင်ဟိုနှင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့က ၅ဝ/၁ စီဖြင့် ထုတ်ပယ်ခံရမည့် နည်းပြစာရင်းရေပန်းစားမှုတွင် အောက်ဆုံးနေရာသို့ ရောက်ရှိနေသည်။
မေလဲ့သင်း

No comments:

Post a Comment