Wednesday, August 30, 2017

ကော်တင်ဟို၏ နောက်ကျောဒဏ်ရာမှာ စိတ်ဖိစီးမှုကြောင့်ဖြစ်

Image may contain: 1 person, standing
ဘရာဇီးကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟို၏ နောက်ကျောဒဏ်ရာမှာ စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ဒေါက်တာမိုက်ကယ်ဆီမွန်၏ ပြောကြားချက်အရ သိရသည်။ ဘရာဇီးအသင်းဆေးဝန်ထမ်းများက ကော်တင်ဟို ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ကြောင်း ခွင့်ပြုချက်ပေးခဲ့ပြီဖြစ်သဖြင့် နိုင်ငံ့လက်ရွေးစင် ဘရာဇီးအသင်းအတွက် ကော်တင်ဟို ဝင်ရောက်ကစားနိုင်မည်ဖြစ်သည်။
အသက်(၂၅)နှစ်အရွယ် ကော်တင်ဟိုသည် အီကွေဒေါအသင်းနှင့်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်ပါဝင် ရန် ဘရာဇီးအသင်းဖော်များနှင့်အတူ လေ့ကျင့်ရေးဆင်းခဲ့သည်။ ကော်တင်ဟိုမှာ ဘိုင်ယန်မြူးနစ်အသင်းနှင့် ကစားခဲ့ပြီးနောက် သြဂုတ် ၁ ရက်ကတည်းက နောက်ကျောနာကျင်နေသည်ဟူသော အကြောင်းပြ ချက်ဖြင့် လီဗာပူးအသင်းတွင် လေ့ကျင့်ရေးဆင်းခဲ့ခြင်းမရှိခဲ့သည်မှာ ယနေ့အထိပင်ဖြစ် သည်။ ဘာစီလိုနာအသင်းက ကော်တင်ဟိုကို ခေါ်ယူရန် တောက်လျှောက်ကြိုးပမ်းမှုကြောင့် လီဗာပူးအသင်းအတွက် ခေါင်းခဲစရာဖြစ်နေပြီး ဒေါက်တာ ဆီမွန်နီက ကော်တင်ဟို အတွက် စိတ်အားတက်ကြွစေမယ့် ဆွေးနွေးမှုမျိုး လိုအပ်နေသည်ဟု အကြံပြုခဲ့သည်။
ဆီမွန်နီက ''ကော်တင်ဟိုရဲ့ နောက်ကျောဒဏ်ရာလား။ သူအခု အဆင်ပြေနေပါတယ်။ သူ့ဒဏ်ရာက စိတ်ဖိစီးမှု များတာကြောင့် ဖြစ်တာပါ။ ဒါမျိုးက စိတ်ခံစားမှုပြင်းထန်လာတဲ့အချိန်မှာ ဖြစ်တတ်ပါတယ်။ သူ့ရဲ့ အနာဂတ်ကိစ္စရပ် တွေက ဒီလိုစိတ်ဖိစီးမှုဖြစ်စေသလားဆိုတာတော့ မသေချာပါဘူး''ဟု ရှင်းလင်းပြောကြားခဲ့သည်။ ဘရာဇီးအသင်း ဆေးမှူး ရိုဒရီဂိုလက်စ်မာက ဆေးပညာရှုထောင့်မှ ကြည့်မည်ဆိုပါက ကော်တင်ဟိုမှာ ကစားရန် ပြီးပြည့်စုံ သည့်အနေအထားဟု ပြောနိုင်ကြောင်း ထောက်ခံချက်ပေးထားပြီးဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment