Tuesday, August 29, 2017

လူထုစုပေါင်းစက်ဘီးစီးနင်းပွဲ အင်အား ၂ဝဝ ကျော် ပါဝင်ဆင်နွှဲ

Image may contain: one or more people, crowd, tree and outdoor
ရန်ကုန် သြဂုတ် ၂၈
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး (၁၅)ကြိမ်မြောက် ရန်ကုန်တောင်ပိုင်း ခရိုင် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို သြဂုတ် ၂၇ ရက် နံနက် ၆ နာရီက သန်လျင်မြို့ စတားစီးတီးအရှေ့မှ စတင်ကာ သန်လျင်မြို့တွင်းသို့ လှည့်လည်၍ စုပေါင်းစက်ဘီးစီးနင်းခဲ့ ကြောင်း သိရသည်။
လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းမှုဖြင့် အင်အား ၂ဝဝ ကျော်က သန်လျင်မြို့ မြို့ဟောင်း အနောက်ရပ်ကွက်၊ ကျိုက် ခေါက်ဘုရားလမ်း၊ ဗိုလ်ချုပ်နေဝင်း လမ်း၊ မြို့မလမ်း၊ လမ်းမတော်လမ်း၊ ပဲခူးစုလမ်း၊ ကျိုက်ခေါက်ဘုရားလမ်းမ၊ ကျိုက်ခေါက်ဘုရားလက်ယာတစ်ပတ် လှည့်လည်ကာ မြို့ဟောင်းအနောက် ရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်း၊ ဒေါင်းမင်းပန်းခြံသို့ နံနက် ၇ နာရီတွင် ပြန်လည်ရောက်ရှိကြောင်း သိရသည်။
လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး ခရိုင် လေး ခရိုင်အတွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ တစ်လလျှင် တစ်ခရိုင် လူထုစုပေါင်း စက်ဘီးစီးနင်းခြင်းဖြစ်ကြောင်း သိရ သည်။
သက်ခိုင် (သန်လျင်)

No comments:

Post a Comment