Thursday, August 31, 2017

ကွန်ကရစ်တံတားတိုးချဲ့တည်ဆောက်မှု စက်တင်ဘာတွင် ရာနှုန်းပြည့်ပြီးစီးမည်

Image may contain: one or more people, outdoor and nature
မုံရွာ သြဂုတ် ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့အဝင် မုဆိုးခြုံတူးမြောင်းပေါ်ရှိ ယခင်တည်ဆောက်ထားသော အရှည် ၆၅ ပေ၊ အကျယ် ၂၈ ပေ သံကူကွန်ကရစ်
တံတားနှင့် ယှဉ်ပြီး အရှည် ၆၅ ပေ၊ အကျယ် ၂၅ ပေ သံကူကွန်ကရစ်
တံတား တည်ဆောက်နေမှုမှာ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း
ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးထံမှ သိရသည်။
သံကူကွန်ကရစ်တံတားထပ်မံ တိုးချဲ့ရခြင်းမှာ အဝေးပြေးကားဝင်း
အနီးတွင်ရှိသည့်အတွက် အဝေးပြေးကားများ၊ ကိုယ်ပိုင်ယာဉ်များ နေ့စဉ်
ဖြတ်သန်းသွားလာရာတွင် ယာဉ်များပိတ်ဆို့လျက်ရှိသောကြောင့် ယာဉ်
အန္တရာယ်ကင်းရှင်းစေရန်နှင့် သွားလာမှု လွယ်ကူမြန်ဆန်စေရန်အတွက် ဖေဖော်ဝါရီ ၂ ရက်မှစတင်၍တိုးချဲ့ဆောက်လုပ်ခဲ့ရာ စက်တင်ဘာတွင် ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း ဦးမောင်ထူးက ဆက်လက်ပြောကြားခဲ့သည်။
တိုးချဲ့တံတား ပြီးစီးသွားပါက ကားတစ်စင်းနှင့်တစ်စင်း တံတားဖြတ်ရာတွင် စောင့်စရာမလိုတော့ဘဲ လွယ်ကူစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ မှန်လုံအဝေးပြေးကားကြီးများ၊ အန်စာတုံးကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ကိုယ်ပိုင်မော်တော်ယာဉ်များ၊လူမှုကူညီရေးကားများသည် တံတားဟောင်းမှာ ကျဉ်းနေသဖြင့် အထူးသတိထားကာ မောင်းနှင်နေကြရာမှ ယခုတံတားကို ထပ်မံတိုးချဲ့လိုက် သည့်အတွက် အန္တရာယ်ကင်းရှင်းပြီး လွယ်ကူစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သံကူကွန်ကရစ် တိုးချဲ့တံတားကို ရွှေတောင်ကုမ္ပဏီမှ တာဝန်ယူ တည်
ဆောက်နေရာ သြဂုတ် ၂၅ ရက် ရွှေဘို ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ
ဦးမောင်ထူး၊ ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး၊ ရွှေဘိုမြို့နယ်စည်ပင်သာယာ
ရေးကော်မတီဝင်များ၊ လမ်းဦးစီးဌာန မှ တာဝန်ရှိသူများက အရည်အသွေး ကောင်းမွန်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကွင်းဆင်း
စစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment