Thursday, August 31, 2017

မီးဘေးလုံခြုံရေးမန္တလေးရှိ စက်သုံးဆီဆိုင်များ အားစစ်ဆေး

Image may contain: one or more people, people standing and outdoor
မန္တလေး သြဂုတ် ၃ဝ
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်ချက်ဖြင့် မီးဘေးလုံခြုံ ရေးအတွက် ဓာတ်ဆီဆိုင်များအား စစ်ဆေးလျက်ရှိရာ သြဂုတ် ၃ဝ ရက်
နံနက် ၉နာရီက မဟာအောင်မြေ မြို့နယ် (၇၈)လမ်း ခင်စောမူကွေ့ရှိ စက်သုံးဆီအရောင်းဆိုင်ကို စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာတို့ ပူးပေါင်းစစ်ဆေးခြင်းဖြစ်ပြီး စက်သုံး
ဆီဆိုင်များတွင် Foam ဆေးရည် (မီး သတ်ရေမြှုပ်အရည်) ရှိ၊ မရှိ၊ မီးသတ်
ဆေးဘူးရှိ၊ မရှိ၊ အရေးပေါ်မီးသတ် ရေကန်ရှိ၊ မရှိ၊ ဆီသိုလှောင်ကန်များ
စနစ်တကျထားရှိမှု ရှိ၊ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
''ပြီးခဲ့တဲ့ရက်တွေက ရန်ကုန်မှာ
ဆီဘောက်ဆာကားကြောင့် မီးလောင်
မှုဖြစ်ပွားပြီးနောက် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှု
နဲ့ မန္တလေးခရိုင်အတွင်း စက်သုံးဆီ ဆိုင်များ မီးဘေးလုံခြုံရေးအတွက် လိုက်လံစစ်ဆေးလျက် ရှိပါတယ်။ ဆိုင်ကြီးတစ်ဆိုင်မှာFoam ဆေးရည် တစ်ပီပါလောက်ထားရှိရမှာကို ၁ဝ ဂါလန်နဲ့ ဂါလန် ၂ဝ လောက်ပဲထားရှိ
တာတွေ့ရပါတယ်။ တချို့ဆိုင်တွေ မှာဆို အရေးပေါ်မီးသတ်ရေလှောင်
ကန်တောင် လုံလုံလောက်လောက် ထားရှိတာ မတွေ့ပါဘူး။ ဆိုင်ဝန်ထမ်း
တွေလည်း Fire Safety Manager မီးငြှိမ်းသတ်နည်းသင်တန်းကို ပြန် လည်ပြီး ဆင့်ပွားသင်တန်းတွေပို့ပေး စေချင်ပါတယ်။ ဓာတ်ဆီဆိုင်တွေ
မှာ မိန်းကလေး ပန့်ကိုင်တွေ့ခန့်ထားတာတွေ့ရပါတယ်။ ဝန်ထမ်းအသစ်
ရောက်တိုင်းFire Safety Manager သင်တန်းပို့ချပေးသင့်ပါတယ်။မဟာအောင်မြေ မြို့နယ်အတွင်းရှိ စက်သုံးဆီ ၁၃ ဆိုင်ကို စစ်ဆေးသွား မှာဖြစ်ပြီး ကျန်မြို့နယ်တွေမှာရှိတဲ့ စက်သုံးဆီ ဆိုင်တွေကိုလည်း ဆက်လက်စစ်ဆေးသွားမှာပါ''ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မန္တလေး ခရိုင် မီးသတ်တပ်ဖွဲ့မှူး ဦးသန်းနိုင်က ပြောသည်။
(ဝဝ၂)

No comments:

Post a Comment