Thursday, August 31, 2017

ကာကွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကြေညာချက် ဂျပန်နှင့် ဗြိတိန်ထုတ်ပြန်မည်

Image may contain: 2 people, people smiling, people standing
ကျိုတို သြဂုတ် ၃ဝ
ဂျပန်အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးပွဲ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိန် ဝန်ကြီးချုပ် ထရေဇာမေနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့သည် ကျိုတိုမြို့၌ အလွတ်သဘော တွေ့ဆုံခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
ဂျပန်အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးပွဲတွင် ဂျပန်နိုင်ငံပိုင်နက်နယ်မြေ ကောင်းကင်ယံမှ မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည် ဖြတ်သန်းခဲ့ခြင်း အပါအဝင် ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ခေါင်းဆောင်နှစ်ဦးက အပြန်အလှန်ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း သိရသည်။
ထို့ပြင် ကာကွယ်ရေးကဏ္ဍမြှင့်တင် ရေး၊ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်ရေးအပါအဝင် စီးပွား ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် အကောင်အထည်ဖော် လုပ်ဆောင်မှုများကို ခေါင်းဆောင်နှစ်ဦးအနေဖြင့် ဆွေးနွေးနိုင်ဖွယ်ရှိသည်။
ယခုခရီးစဉ်သည် ဗြိတိန်ဝန်ကြီးချုပ် ထရေဇာမေ အနေဖြင့် ဝန်ကြီးချုပ်အဖြစ် ဂျပန်နိုင်ငံသို့ ရောက်ရှိသည့် ပထမဆုံးသော ခရီးစဉ်ဖြစ်သည်။ သြဂုတ် ၃ဝ ရက် အစောပိုင်းတွင် ဗြိတိန်ဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် အလွတ်သဘောတွေ့ဆုံခဲ့ပြီး လက်ဖက်ရည်အတူတကွ သုံးဆောင်ခဲ့ကြသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဗြိတိန်နိုင်ငံသို့ လွန်ခဲ့သော ဧပြီလကရောက်ရှိခဲ့စဉ်အတွင်း ဝန်ကြီးချုပ် အာဘေးအား ဝန်ကြီးချုပ် ထရေဇာမေက ၄င်း၏ဧည့်ဂေဟာ သို့ အလည်အပတ်လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
လုံခြုံရေးကောင်စီအစည်းအဝေးပွဲ၌ ဝန်ကြီးချုပ် နှစ်ဦးအနေဖြင့် ကာကွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန် နိုင်ဖွယ်ရှိကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment