Wednesday, August 30, 2017

မိုနာကို ကျောနံပါတ်(၁ဝ)ဂျာစီကို ဂျိုဗီတစ်ဝတ်ဆင်ခဲ့တဲ့ဓာတ်ပုံ ပေါ်ထွက်လာ

Image may contain: 1 person, smiling, standing and text
မိုနာကိုအသင်း ဂျာစီ(၁ဝ)ကို ဂျိုဗီတစ် ဝတ်ဆင်ထားတဲ့ဓာတ်ပုံဟာ တွစ်တာ စာမျက်နှာပေါ်တွင် ပေါ်ထွက်လာခဲ့ပြီးနောက် မက်ပီရဲ့ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့မှုရုပ်လုံးပေါ်လာခဲ့ပြီဖြစ်တယ်လိုThe Sun သတင်းဌာနက ဖော်ပြ ပါတယ်။ မက်ပီဟာ ဘာနာဒိုဆေးလ်ဗား မန်စီးတီးကို ပြောင်းရွှေ့သွားပြီးနောက် မိုနာကိုအသင်းကျောနံပါတ်(၁ဝ)ကို ပြောင်းလဲဝတ်ဆင်ခွင့် ရထားတာကြောင့် ဂျိုဗီတစ်တစ်ယောက် အခုလို မိုနာကိုအသင်းကျောနံပါတ်(၁ဝ) ဝတ်ဆင်ထားတဲ့ ဓာတ်ပုံဟာ မက်ပီရဲ့ ပီအက်စ်ဂျီအပြောင်းအရွှေ့ဖြစ်ခဲ့ပြီဆိုတာကို မီးစိမ်းပြ လိုက်နိုင်တာလို့ တစ်ပတ်လှည့်စဉ်းစားနိုင်ပါတယ်။ သြဂုတ် ၂၈ ရက်က မက်ပီ ကို ပီအက်စ်ဂျီအသင်းက ဒီနှစ်အတွက် အငှားနဲ့ခေါ်ယူပြီး နောက်နှစ်နွေ ဈေးကွက်ရောက်မှသာ ပေါင် ၁၆၆ သန်းနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ သဘော တူညီချက်ရခဲ့ပြီလို့The Sun သတင်းဌာနကပဲ ဖော်ပြပါတယ်။ ဂျိုဗီတစ်ဟာ ဖီအိုရင်တီးနားအသင်းမှာ ကစားစဉ်က အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပေမယ့် မန်စီးတီးအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီးနောက်မှာ ပုံစံကောင်း ပျောက်သွား သူဖြစ်ပါတယ်။ အဲဒီနောက် စီးရီးအေကလပ် အင်တာမီလန်ကို ပြန်ရောက်လာ ပေမယ့် ခြေစွမ်းပျောက်နေခဲ့လို့ ဆီဗီလာအသင်းဆီ အငှားချခံခဲ့ရပါတယ်။
မေလဲ့သင်း

No comments:

Post a Comment