Wednesday, August 30, 2017

စာရေးဆရာမ မေသင်္ကြန်ဟိန်ရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မယ့် နေမင်း

Image may contain: 1 person, standing, ocean, hat, sky, outdoor, water and nature
စာရေးဆရာမ မေသင်္ကြန်ဟိန်ရဲ့ ''ကျွန်မချစ်ရ တဲ့သူတွေ''ဝတ္ထုကို MNTVမှ ရုပ်သံဇာတ်လမ်း တွဲအဖြစ် စက်တင်ဘာလမှာ စတင်ရိုက်ကူးသွား မှာဖြစ်ပြီး ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်နေမင်း လည်း ပါဝင်ဖို့ရှိတယ်လို့ သိရပါတယ်။
''ကျွန်မချစ်ရတဲ့သူတွေဝတ္ထုကို ဇာတ်လမ်း တွဲရိုက်ဖို့ ဆရာမကိုယ်တိုင်က အကူအညီတောင်း လာတဲ့အတွက် ကျွန်တော်အစစအရာရာဝိုင်းပြီးကူညီပေးဖြစ်တာပါ။ ကျွန်တော်က ဆရာမရဲ့ အမျိုးသား ကိုလင်းနေရာကနေ သရုပ်ဆောင် ရမှာပါ။ ကိုလင်းနဲ့က အပြင်မှာလည်း ခင်မင်နေ တော့ ကိုလင်းပုံစံ သရုပ်ဆောင်ရမှာဆိုတော့ သိပ်တော့အခက်အခဲမရှိပါဘူး။ ဇာတ်လမ်းပုံစံက လက်ရှိအစိုးရမတက်ခင် ရုန်းကန်ခဲ့ရတဲ့ နိုင်ငံရေး သမားမိသားစုတွေရဲ့အခက်အခဲတွေ၊ ‘ဒုက္ခတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာတွေ၊ ပြီးတော့ နိုင်ငံရေး သမား မိသားစုတစ်ခုမှာ ကျန်နေခဲ့တဲ့ သားသမီး တွေရဲ့ဘဝတွေ၊ မိသားစုအတွက် ကြိုးစားရုန်းကန် ခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝကို ပုံဖော် ထားတာပါ''လို့ ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး နေမင်းက ပြောပြခဲ့ပါတယ်။
အဲဒီရုပ်သံဇာတ်လမ်းတွဲကို ‘ဒါရိုက်တာ နေသူရိန်က ရှမ်းပြည်နယ် နောင်ချိုမြို့မှာ ရိုက်ကူးသွားမှာဖြစ်ပြီး အဓိကသရုပ်ဆောင်တွေ အနေနဲ့ နေမင်းနဲ့ ခင်ဝင့်ဝါတို့ ပါဝင်သရုပ်ဆောင် သွားကြမှာဖြစ်သလို အခြားသရုပ်ဆောင်ပေါင်း များစွာလည်း ပါဝင်ကြမယ်လို့ သိရပါတယ်။
အေးပြည့်

No comments:

Post a Comment