Tuesday, August 1, 2017

ငွေကုန်ကြေးကျများလွန်းတဲ့ လီမင်ဟိုနဲ့ ဆူဇီတို့ရဲ့ အချစ်ခရီး

Image may contain: 2 people, closeup
လတ်တလောမှာတော့ တောင်ကိုရီးယားရုပ်သံလိုင်းတစ်ခုက ကျော်ကြားတဲ့ ကြယ်ပွင့်စုံတွဲတစ်တွဲဖြစ်တဲ့ လီမင်ဟိုနဲ့ ဆူဇီတို့ရဲ့ ချိန်းဆိုတွေ့ဆုံမှုတစ်ခုကို ထုတ်ဖော်တင်ဆက်ခဲ့ပါတယ်။ အဆိုပါ ကြယ်ပွင့်စုံတွဲဟာ နာမည်ကျော်တွေဖြစ်တာနဲ့အညီ တွေ့ဆုံမှုကို လျှို့ဝှက်စွာပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလိုတွေ့ဆုံရာမှာ သုံးစွဲခဲ့တဲ့ ငွေကြေးပမာဏဟာလည်း အလွန်ကို များပြား ခဲ့ကြောင်း သိရပါတယ်။
လီမင်ဟိုနဲ့ ဆူဇီတို့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်အတွင်း လန်ဒန်မှာ ချိန်းဆိုတွေ့ဆုံခဲ့ကြတာဖြစ်ပြီး တောင်ကိုရီးယားမှာ အလွန်ကျော်ကြားတဲ့ ကြယ်ပွင့်တွေဖြစ်တာကြောင့် သတင်း မီဒီယာတွေရဲ့ မျက်စိနဲ့ကင်းကွာမယ့် လန်ဒန်လိုနေရာမျိုးမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ဦး ချိန်းဆိုတွေ့ဆုံစဉ်က ပုံရိပ်တွေဟာ နောက်ဆုံးမှာတော့ မီဒီယာ စာမျက်နှာပေါ်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။
ဖျော်ဖြေရေးအသိုင်းအဝိုင်းမှ သတင်းသမားတစ်ဦးရဲ့ ပြောကြားချက်အရ အဆိုပါကြယ်ပွင့်နှစ်ဦးဟာ ချိန်းဆိုတွေ့ဆုံ ဖို့အတွက် အစီအစဉ်တွေကို အလွန်ကို ရှုပ်ရှုပ်ထွေးထွေး ဖန်တီးခဲ့ရတာဖြစ်ကြောင်းလည်း ဟန်စင်းနီးမားဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ အဲဒီအချိန်တုန်းက လီမင်ဟိုဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ရိုက်ကူးရေးလုပ်ငန်းတွေလုပ်ဆောင်နေတာဖြစ်ပြီး ဆူဇီကတော့ လန်ဒန်မှာ ရိုက်ကူး ရေးအတွက် ရောက်ရှိနေချိန်လည်း ဖြစ်ပါတယ်။ ရိုက်ကူးရေး ပြီးဆုံးတဲ့နောက်မှာတော့ လီမင်ဟိုက ဆူဇီရှိရာ လန်ဒန်ကို လာရောက်ခဲ့တာဖြစ်ပါတယ်။ လန်ဒန်ကိုရောက်လာတဲ့ လီမင်ဟို ဟာ ကားတစ်စီးကိုငှားကာ ဆူဇီရှိရာနေရာသို့လာရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးဟာ လန်ဒန်ရဲ့ အမြင့်ဆုံးသော အဆောက် အအုံတစ်ခုရဲ့ ၃၁ ထပ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ စားသောက်ခဲ့ကြပြီး ကြယ်ငါးပွင့်ဟိုတယ်တစ်ခုမှာ နှစ်ည၊ သုံးရက်တည်းခိုခဲ့တာဖြစ်ပါတယ်။ ယင်းဟိုတယ်ဟာ တစ်ည တည်းခိုခအတွက် အမေရိကန်ဒေါ်လာ နှစ်ထောင်ပေးရပြီး လီမင်ဟိုငှားလာတဲ့ကားနဲ့ မြို့အနှံ့လျှောက်လည်ခဲ့ကြတယ်လို့ လည်း သိရပါတယ်။
တောင်ကိုရီးယားမီဒီယာတွေရဲ့အဆိုအရ လီမင်ဟိုနဲ့ ဆူဇီတို့ဟာ သူတို့ရဲ့အချစ်ခရီးတစ်လျှောက် ချိန်းဆိုတွေ့ဆုံရာမှာ အလွန်ကိုသတိထားကြတဲ့ ကြယ်ပွင့်စုံတွဲတစ်တွဲဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ပြည်ပနိုင်ငံတွေမှာပါ တွေ့ဆုံမှု တွေရှိခဲ့ပြီး လျှို့ဝှက်စွာ တွေ့ဆုံလေ့ရှိကြောင်းလည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment