Tuesday, August 1, 2017

ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းများတွင်တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

No automatic alt text available.
နေပြည်တော် ဇူလိုင် ၃၁
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဇူလိုင် ၃ဝ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၅၇၄ စီး၊ သွင်းကုန် ၅၉၂ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၆ စီး၊ သွင်းကုန် ၁၈၄ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများ ကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃ဝ ရက်တွင် ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ၁ဝ မှု(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၂ ဒသမ ၇၉၆ သန်းခန့်)သိမ်းဆည်းရမိခဲ့ပြီး ထူးခြားဖမ်းဆီးမှုအနေဖြင့် ဇူလိုင် ၃ဝ ရက်တွင် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၉၁ မိုင် ၇ ဖာလုံ၊ ပန်ဖက်ရွာအနီး၌ ခရီးသည်တင်ယာဉ် နှစ်စီးနှင့် Hiace ယာဉ် တစ်စီးတို့ မသင်္ကာဖွယ်ရပ်တန့်ထားကြောင်း သတင်းရရှိ၍ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပိတောက်ထုသစ် ၁၂၁ ချောင်း (၃ ဒသမ ၇၄၆၈ တန်)၊ တမလန်းဓားရွေသစ် အချောင်း ၂ဝ (သုည ဒသမ ၈၉၄၈ တန်)၊ ပိတောက်ဓားရွေသစ် လေးချောင်း (သုည ဒသမ ၄ဝ၈၈ တန်)နှင့် ပစ္စည်းသယ်ဆောင်သည့်ယာဉ် သုံးစီး(စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅ ဒသမ ၁၅၁ သန်းခန့်)ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment