Thursday, August 31, 2017

(၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင်နိုင်ငံအလိုက် အဆင့်(၇)နေရာ မြန်မာအားကစားအဖွဲ့ရရှိ

Image may contain: one or more people and people standing
ကွာလာလမ်ပူ သြဂုတ် ၃ဝ
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၉)ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ယနေ့ညပိုင်းတွင် ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး မြန်မာ အားကစားအဖွဲ့က ဆုတံဆိပ် ၃၇ ခုဖြင့် နိုင်ငံအလိုက် ဆုရရှိမှုတွင် အဆင့် (၇) နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
မြန်မာအားကစားအဖွဲ့သည် ယနေ့ကျင်းပသည့် ပြိုင်ပွဲနောက်ဆုံးရက်တွင် ဆုတံဆိပ်ရယူနိုင်ခြင်းမရှိတော့ဘဲ မြန်မာအမျိုးသားဟော်ကီအသင်းရယူပေး ခဲ့သည့် ငွေတံဆိပ်ဆုမှာ နောက်ဆုံးရခဲ့သည့်ဆုတံဆိပ်ဖြစ်ခဲ့သည်။ မြန်မာ အားကစားအဖွဲ့သည် ယခုပြိုင်ပွဲတွင် ရွှေခုနစ်ခု၊ ငွေ ၁ဝ ခု၊ ကြေး ၂ဝ ဆွတ်ခူးရရှိခဲ့ပြီး ရွှေတံဆိပ်ဆုများကို ပိုက်ကျော်ခြင်း/ခြင်းလုံး၊ ဝူရှူးနှင့် သေနတ်ပစ်အားကစားနည်းတို့က ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရွှေဆုများကို ခြင်းလုံးအမျိုးသားအသင်းက နှစ်ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုး သမီးလေးယောက်တွဲပြိုင်ပွဲမှ တစ်ခု၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲမှ တစ်ခု၊ ဝူရှူးအားကစားနည်းမှ မြတ်သက်စုဝေဖြိုးက ချန်းချွမ်ပြိုင်ပွဲမှတစ်ခု၊ သိန်းသန်း ဦးက နန်းကွန့်နှင့် နန်းတောင်းပြိုင်ပွဲနှစ်ခုပေါင်းမှတစ်ခု၊ သေနတ်ပစ်အားကစား နည်းမှ မေပိုးဝါက(၁ဝ)မီတာလေပစ္စတိုပြိုင်ပွဲမှ တစ်ခုတို့ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအားကစားအဖွဲ့သည် ယခုပြိုင်ပွဲတွင် ရွှေဆုရယူနိုင်ရန် အားသာသည့် လှေလှော်အားကစားနည်း မပါဝင်ခြင်းနှင့်အတူ အားကစားနည်းအချို့ မျှော်မှန်း ထားသလောက် အောင်မြင်မှုမရခဲ့သောကြောင့် ရွှေဆုရ နည်းသွားခဲ့ပြီး ၁၉၉၉ ခုနှစ်က ဘရူနိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ဆီးဂ
ိမ်းပြိုင်ပွဲတွင် ရွှေသုံးခုရပြီး နောက်ပိုင်း အနည်းဆုံးပြိုင်ပွဲဖြစ်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ယခုပြိုင်ပွဲတွင် အားကစားနည်း ၂၉ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ၁၂ မျိုးကသာ ဆုတံဆိပ်ရယူနိုင်ခဲ့ပြီး အားကစားနည်းအများစု အောင်မြင်မှုနှင့် ဝေးကွာခဲ့ သည်။ ပြိုင်ပွဲအပြီးတွင် အိမ်ရှင်မလေးရှားနိုင်ငံက ရွှေတံဆိပ် ၁၄၅ ခုဖြင့် နိုင်ငံအလိုက်ပထမနေရာရရှိခဲ့သည်။ မြန်မာအားကစားအဖွဲ့သည် ဆီးဂိမ်းပြိုင်ပွဲ တွင် အားကစားသမား ၃၈၄ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုများစွာ ကျဆင်းခဲ့သောကြောင့် မြန်မာ့အားကစားလောက တိုးတက်အောင်မြင်လာရန် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည်။
(ရဲရင့်ရှိုင်း)

No comments:

Post a Comment