Wednesday, August 30, 2017

မူဆယ်မြို့တွင်စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈ဝဝ သိမ်းဆည်းရရှိ

Image may contain: one or more people, people sitting and indoor
မူဆယ် သြဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့တွင် သြဂုတ် ၂၈ ရက် ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါးပပျောက်ရေး ရှမ်းရိုးမစစ်ဆင်ရေးစီမံချက် အရ မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်က တရုတ်နိုင်ငံသားတစ်ဦးထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၉၈ဝဝ သိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ တုံခန်ကျေးရွာဘက်မှ မူဆယ်ဘက်သို့ ထန်စူးမင့် (၂၈) နှစ် လုံနင်မြို့ တယ်ဟုန်ခရိုင် တရုတ်နိုင်ငံနေသူ မောင်းနှင်လာသည့် နံပါတ်မပါ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေစဉ် ဆိုင်ကယ်တူးဘောက်အတွင်းမှ ၈၈/၁ စာတန်းတစ်ဖက်စီပါ စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော ပန်းရောင် ဆေးပြား တစ်ထုပ်လျှင် ၁၉၈ ပြားစီပါ ၁ဝ ထုပ်စီး ၁ဝ ထုပ် (စုစုပေါင်း တန်ဖိုးငွေကျပ် ၃၉၆ဝဝဝဝဝ)အား ရှာဖွေတွေ့ရှိခဲ့ကာ ရှာဖွေပုံစံဖြင့် ရေးသွင်း ဖမ်းဆီးပြီး ဆက်လက်စစ်ဆေးရာ ယင်းပစ္စည်းများမှာ ထန်စူးမင့်က သုံးစွဲရန် နှင့် ပြန်လည်ရောင်းချရန်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
မူးယစ်ဆေးဝါးများအား တရားမဝင် လက်ဝယ်ထားရှိသူ ထန်စူးမင့်အား မူဆယ်မြို့မရဲစခန်းမှ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပြည့်စုံ(မူဆယ်)

No comments:

Post a Comment