Wednesday, August 30, 2017

အမြန်လမ်းတွင် မီနီဘတ်စ်ယာဉ်တံတားအားဝင်တိုက်၊ နှစ်ဦးထိခိုက်ဒဏ်ရာရ

Image may contain: one or more people and outdoor
တံတားဦး သြဂုတ် ၂၉
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တံတားဦးမြို့နယ် စကားအင်းအမြန်လမ်းမကြီးရဲစခန်းအပိုင်တွင် သြဂုတ် ၂၉ ရက် နံနက် ၉ နာရီခန့်က မီနီဘတ်စ်ယာဉ်တစ်စီး အရှိန်လွန်ကာ တံတားအားဝင်တိုက်မိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ အမြန်လမ်းမကြီး မိုင်တိုင် (၃၅၅/၂) နှင့် (၃၅၅/၃)အကြားတွင် မန္တလေးဘက်မှ နေပြည်တော် ဘက်သို့ ယာဉ်မောင်း ဖြိုးစည်သူ (၃၂) နှစ် ရွှေကြာအင်း ရပ်ကွက် တောင်တွင်းကြီးမြို့နယ်နေသူ မောင်းနှင် လာသော CARA VAN MINI BUS 5K/------ ယာဉ်သည် မောင်းနှင်းလာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ တံတားလက်ရန်းတိုင်အား တိုက်မိခဲ့ရာ ယာဉ်ပေါ်ပါရှိသူ အမျိုးသား အမျိုးသမီး ငါးဦးအနက်မှ အမျိုးသားနှစ်ဦးတို့မှာ ပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိကာ တံတားဦးဆေးရုံ၌ ဆေးကုသလျက်ရှိကြောင်း သိရ သည်။
ဖြစ်စဉ်ကြောင့် ယာဉ်မှာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဖြစ်စဉ် နှင့်ပတ်သက်၍ ယာဉ်မောင်းအား စကားအင်းအမြန်လမ်းမ ကြီးရဲစခန်းမှ ယာဉ်(ပ)၂၄/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ဖြင့် အရေးယူထားကြောင်း သိရသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)

No comments:

Post a Comment