Wednesday, August 30, 2017

မြန်မာ့ဒီမိုကရေစီပွဲတော်အငြိမ့်ပြိုင်ပွဲ ပဏာမအဆင့်ပြိုင်ပွဲ မန္တလေးတွင်ကျင်းပ

Image may contain: 3 people
မန္တလေး သြဂုတ် ၂၉
ပြန်ကြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့်Forever Group ၏ ပံ့ပိုးမှုဖြင့် ကျင်းပသည့်မြန်မာ့ဒီမိုကရေစီပွဲတော်အငြိမ့်ပြိုင်ပွဲ ပဏာမအဆင့်ပြိုင်ပွဲ(မန္တလေး) ကို သြဂုတ်၂၈ ရက်ညနေ ၆ နာရီခွဲက မန္တလေးမြို့ ၆၆ လမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲစီစဉ်သူ ဦးသူရ (ခ) ဇာဂနာက ပြိုင်ပွဲများကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။မြန်မာ့ဒီမိုကရေစီပွဲတော် အငြိမ့်ပြိုင်ပွဲပဏာမအဆင့်ပြိုင်ပွဲကို ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့တွင် ကျင်းပရန်စီစဉ်ထားရာ မန္တလေးမြို့ အမျိုးသားဇာတ်ရုံတွင် သြဂုတ်၂၈ ရက်မှ ၃ဝ ရက်အထိ အငြိမ့်အဖွဲ့၁၃ ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၎င်းအနက်မှ အငြိမ့်အဖွဲ့သုံးဖွဲ့ကို ပဏာမအဆင့်ရွေးချယ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲများကို အခမဲ့ကြည့်ရှုနိုင်ကြောင်း သိရသည်။
ရွေးချယ်ခံရသည့် အငြိမ့်အဖွဲ့တို့သည်စက်တင်ဘာ၂ဝ ရက်နှင့် ၂၁ ရက်တို့တွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းတို့အနက်မှပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများ၊အကောင်းဆုံးလူရွှင်တော်၊ အကောင်းဆုံး ဆိုင်း၊ အကောင်းဆုံးမင်းသမီး၊ ပရိသတ်အကြိုက်ဆုံးအဖွဲ့ဆုများ ချီးမြှင့်မည်ဖြစ်သည်။
သီဟကိုကို(မန္တလေး)

No comments:

Post a Comment