Tuesday, August 1, 2017

မိုးညှင်းရဲစခန်းတွင် အချုပ်သားများပြားမှုကြောင့် မိုးညှင်းအကျဉ်းထောင်သို့ပို့ဆောင်

Image may contain: 7 people, people standing, tree and outdoor
မိုးညှင်း ဇူလိုင် ၃၁
မိုးညှင်းမြို့မရဲစခန်းရှိ အချုပ်ခန်းအတွင်းလူဦးရေများပြား နေမှုကြောင့် အချုပ်သားများအား ဆယ်မိုင်ရွာသစ်ကျေးရွာ အနီးရှိ မိုးညှင်းအကျဉ်းထောင်သို့ ဇူလိုင် ၃ဝ ရက် နံနက် ၇ နာရီခန့်က ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအချုပ်ခန်းတွင် တရားဝင်သတ်မှတ်ထားသော အချုပ်သားဦးရေ ၁၇ဝ သတ်မှတ်ထားသော်လည်း ၃၄ဝ ဝန်းကျင်ရှိနေသဖြင့် အချုပ်ကျခံနေရသူများအပြင် ရဲတပ်ဖွဲ့ဝင်များပါ အခက်အခဲဖြစ်နေသောကြောင့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့၏ ညွှန်ကြားချက်အရ ဇူလိုင်၂၈ ရက်မှစတင်ကာ မိုးညှင်းအကျဉ်းထောင်သို့ ပြောင်းရွှေ့ ပေးခဲ့ကြောင်း သိရသည်။
''အခုလို မိုးညှင်းအကျဉ်းထောင်ကို ပြောင်းရွှေ့ပေးခွင့် ရရှိတာဟာ အချုပ်သားတွေအနေနဲ့ အဆင်ပြေသလို လုံခြုံရေးအနေနဲ့လည်း အဆင်ပြေသွားပါတယ်။ လုံခြုံရေး အတွက် လှည့်ကင်းတွေကို အရင်ကထက် ပိုပြီးဆောင်ရွက် နိုင်တော့မှာပါ'' ဟု မိုးညှင်းမြို့မ ရဲစခန်းမှူးက ပြော သည်။
မိုးညှင်းမြို့မရဲစခန်းအတွင်း အချုပ်ခန်း ခြောက်ခန်းရှိ အချုပ်သားများအနက် မိုးညှင်းမြို့နယ်နှင့် ခရိုင် တရားရုံးစစ် အမျိုးသား ၂၉၁ ဦး၊ အမျိုးသမီး ၃၃ ဦး စုစုပေါင်း ၂၉၃ ဦးတို့ကို အကျဉ်းထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ပေးလျက်ရှိဖြစ်ပြီး မိုးညှင်းရဲစခန်း ရဲတပ်ဖွဲ့မှ စစ်ဆေးနေဆဲ အချုပ်သားများကို ခေတ္တချုပ်နှောင်သွားမည်ဖြစ်ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။
(မင်းမင်းဦး)

No comments:

Post a Comment