Tuesday, August 1, 2017

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

Image may contain: 1 person, sitting
အောင်လံ ဇူလိုင် ၃၁
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်ချုပ် သင်တန်းဆင်းပွဲကို ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီက အောင်လံမြို့နယ် ပြလို့ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
ယင်းသင်တန်းဆင်းပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတိုးကြည်က မိမိတို့ဌာနမှ ဆောင်ရွက်လျက်ရှိသော စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ ဆင်းရဲမှုလျော့ကျစေ ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့ အတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြား တတ်မြောက်ထားသော စက်ချုပ်ပညာရပ်များကို လက်တွေ့ စီးပွားရေးနယ်ပယ်တွင်အသုံးချ၍ ဆက်လက်တိုးတက်အောင်လေ့လာသွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ထူးချွန်သင်တန်းသား သုံးဦးအား ဆုများ ချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်းနှင့် သင်တန်း ဆရာများအား ဥာဏ်ပူဇော်ခများပေးအပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။ ယင်းနောက် သင်တန်းသား များကိုယ်စား ကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းတွင် ပြသထားသော သင်တန်းသားများ၏ စက်ချုပ်ထည် လက်ရာများကို ကြည့်ရှုခဲ့ကြသည်။
ယင်းသင်တန်းသို့ ပြလို့၊ ပြလို့မြင့်၊ ပြင်းပေါက်၊ နံဇူပင် ကျေးရွာများမှ သင်တန်းသားတစ်ဦး၊ သင်တန်းသူ ၂၄ ဦး စုစုပေါင်း ၂၅ ဦးတို့ဖြင့် ဇူလိုင် ၁ ရက်မှ စတင်ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလမှာ တစ်လကြာမြင့်ခဲ့ ကြောင်း သိရသည်။
သိန်းလွင်(အောင်လံ)

No comments:

Post a Comment