Wednesday, August 2, 2017

အောင်မြင်မှုအသစ်နဲ့ BLACKPINK

Image may contain: 4 people, people standing
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''BLACKPINK''ဟာ အဖွဲ့စတင် တည်ထောင်ပြီးနောက် အောင်မြင်မှုတွေကို ဆက်တိုက်ရရှိလာတဲ့ အဖွဲ့လို့ဆိုနိုင်ပါတယ်။ အဖွဲ့စတင်တည်ထောင်ခဲ့ပြီး တစ်နှစ်ခန့်အကြာမှာတော့ တေးဂီတလောကမှာ စံချိန်သစ်တွေကို တင်နိုင်ခဲ့တာဖြစ်ပြီး လတ်တလောမှာလည်း အောင်မြင်မှုမှတ်တိုင်သစ်တစ်ခုကို ထပ်မံစိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။
နောက်ဆုံးထွက်ရှိခဲ့တဲ့ ''BLACKPINK''ရဲ့ တေးအယ်လ်ဘမ်သစ်မှာပါဝင်တဲ့ တေးသီချင်းတစ်ပုဒ်ရဲ့ တေးဗီဒီယိုဟာ လတ်တလောမှာတော့ အွန်လိုင်းမီဒီယာတွေပေါ်ကနေတစ်ဆင့် ကြည့်ရှုသူအရေအတွက် သန်း ၉ဝ ကို အမြန်ဆုံးရရှိခဲ့တဲ့ တေးသီချင်းတစ်ပုဒ်အဖြစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ယခုလိုအဖွဲ့ကို အောင်မြင်မှု အသစ်ရယူပေးခဲ့တဲ့ တေးသီချင်းကတော့ ''As If It's Your Last'' ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ တေးသီချင်းဖြစ်ပါတယ်။ ယင်းတေးသီချင်းရဲ့ တေးဗီဒီယိုဟာ စတင်ထုတ်လွှင့်ခဲ့ပြီးနောက် ၃၉ ရက်နဲ့ ၇ နာရီ အကြာမှာတော့ ပရိသတ် သန်း ၉ဝ ပြည့်ခဲ့တာဖြစ်ပါတယ်။
ယခင်က အွန်လိုင်းမီဒီယာတွေပေါ်မှာ ကြည့်ရှုသူ သန်း ၉ဝ ကို အမြန်ဆုံးပိုင်ဆိုင်နိုင်ခဲ့တဲ့ တေးသံရှင်အဖြစ် စံချိန်တင်ထားခဲ့တာလည်း ''BLACKPINK''တေးဂီတအဖွဲ့ပဲဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ အဖွဲ့ရဲ့ ''As If It's Your Last''တေးသီချင်းက ယခင်စံချိန်တင်ထားတဲ့ တေးသီချင်းထက် ၂၁ ရက်စောကာ ကြည့်ရှုသူ သန်း ၉ဝ ပြည့်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment