Thursday, August 3, 2017

မောင်တောမြို့နယ်တွင် A(H1N1) pdm 09နှင့်ပတ်သက်၍ ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Image may contain: 1 person, closeup
မောင်တော သြဂုတ် ၂
မောင်တောမြို့နယ်တွင် A(H1N1) pdm 09ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးအနေဖြင့် ရောဂါလက္ခဏာများ၊ ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူလူထုအား ပညာပေးဆောင်ရွက်လျက်ရှိကြောင်း မောင်တောမြို့နယ် ပြည်သူ့ ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ယနေ့ပြောကြားသည်။
မောင်တောပြည်သူ့ဆေးရုံအနေဖြင့် နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားသည့် လမ်းညွှန်မှုများအတိုင်း လူနာများကို ကုသမှုပေးရန် ဆောင်ရွက်ထားရှိကြောင်း၊ ကြိုတင် ပြင်ဆင်မှုများအနေဖြင့် သံသယလူနာများထားရှိရန် သီးသန့်လူနာခန်းထားရှိပေးထား ကြောင်း၊ ယခုလောလောဆယ် မောင်တောမြို့နယ်တွင် ရာသီတုပ်ကွေးနှင့်ပတ်သက်၍ သံသယလူနာများ မတွေ့ရှိရသေးကြောင်း၊ ပညာပေးမှုများအနေဖြင့် လွန်ခဲ့သည့် တစ်ပတ်ကျော်ကတည်းက ဆောင်ရွက်လျက်ရှိကြောင်း မောင်တောမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနုကေသီစံက ပြောကြားသည်။
ရာသီတုပ်ကွေးနှင့်ပတ်သက်၍ ပညာပေးဟောပြောမှုများကို ဌာနဆိုင်ရာဝန်ထမ်း များ၊ စာသင်ကျောင်းများနှင့် ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် နယ်စပ် ဒေသဖြစ်သည့်အတွက် တစ်ဖက်နိုင်ငံတွင် အဆိုပါရောဂါဖြစ်ပွားမှု ရှိ၊ မရှိကိုလည်း အထူးလေ့လာစောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။
''တကယ်တော့ A(H1N1) pdm 09ဟာ ရာသီတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ ရာသီ တုပ်ကွေးရောဂါဖြစ်ပါတယ်။ ဒီရောဂါမဖြစ်ပွားအောင် အဓိကအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အနေအထိုင်၊ အပြုအမူရှိရမယ်။ ရောဂါ ကူးစက်နိုင်တဲ့နည်းလမ်းတွေကို သိရှိလိုက်နာကာကွယ်ဖို့လိုပါတယ်။ ကောလာဟလ တွေကိုမယုံဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက် အလက်တွေ၊ ကြော်ငြာတွေကို လိုက်နာဆောင်ရွက်ဖို့လိုပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားသည်။
သတင်းနှင့်ဓာတ်ပုံ- အေဝမ်းစိုး၊ မျိုးသူဟိန်း

No comments:

Post a Comment