Monday, July 3, 2017

ပျက်ကျခဲ့သည့်Y-8လေယာဉ်၏ကိုယ်ထည်အစိတ်အပိုင်းများ ထပ်မံဆယ်ယူရရှိ

No automatic alt text available.

နေပြည်တော် ဇူလိုင် ၂
တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ၊ ဒေသခံ ငါးဖမ်းစက်လှေများပူးပေါင်း၍ ပျက်ကျခဲ့သည့် Y-8လေယာဉ်၏ ကျန်ရှိ အစိတ်အပိုင်းများ ထပ်မံဆယ်ယူရရှိရေးအတွက် ယနေ့တွင် လေယာဉ်အမြီးပိုင်း တွေ့ရှိသည့်နေရာအနီးတစ်ဝိုက်၌ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် တပ်မတော်(ရေ)မှ ဆိုနာစနစ်ဖြင့် ရှာဖွေတွေ့ရှိ သော နေရာများသို့ စစ်ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက်လှေများက ကြမ်းတိုက်ရှာဖွေခဲ့ရာ ယနေ့ညနေပိုင်းတွင် မြေပုံများပါဝင်သော စာရွက် စာတမ်းထုပ် တစ်ထုပ်နှင့် လေယာဉ်ကိုယ်ထည် အလူမီနီယံ အစိတ်အပိုင်းများ အား ထပ်မံဆယ်ယူရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment