Monday, July 3, 2017

ရေပူနှင့်မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

No automatic alt text available.
နေပြည်တော် ဇူလိုင် ၂
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဇူလိုင် ၁ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၆၅၄ စီး၊ သွင်းကုန် ၆ဝ၂ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၅ စီး၊ သွင်းကုန် ၁၄၄ စီး ကုန်စည်များကို သယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သောကုန်ပစ္စည်း များကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁ ရက်တွင် ရေပူအမြဲ တမ်းစစ်ဆေးရေးစခန်းက တားဆီးမှုလေးမှု(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၃ ဒသမ ၄၆၈ သန်းခန့်)၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ငါးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၉ ဒသမ ၅၆ သန်းခန့်) စုစုပေါင်းတားဆီးမှု ကိုးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၃ ဒသမ ဝ၂၈ သန်းခန့်)ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ထူးခြားဖမ်းဆီးမှုအနေဖြင့် ဇူလိုင် ၁ ရက်တွင် လားရှိုးနှင့် သိန္နီကြား ရှောင်ကွင်းလမ်း၌ သတင်းအရ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းပူးပေါင်း စစ်ဆေးရေးအဖွဲ့က လိုက်လံရှင်းလင်းရှာဖွေခဲ့ရာ LIFAN အမျိုးအစား ခြောက်ဘီးယာဉ်ပေါ်တွင် တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံ တစ်ရာတင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟုယူဆရသော ကျောက်တုံး အရွယ်စုံ ၂၈ တုံး (4300 kg) နှင့် သယ်ဆောင်သည့် ယာဉ်တစ်စီး (စုစု ပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂ သန်းခန့်)ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment