Saturday, July 1, 2017

မူဆယ်နယ်စပ်မှ တရားမဝင်တင်သွင်းလာသည့် Xiaomi Redmi 4A ဟန်းဆက်များ သိမ်းဆည်းရမိ

No automatic alt text available.
မူဆယ် ဇွန် ၃ဝ
တရားမဝင် ကုန်စည်များ တားဆီး ထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိရာတွင် ဇွန် ၂၉ ရက်က မူဆယ်မှ မန္တလေးသို့ သွားရောက်မည့် ခရီးသည်တင်ယာဉ်ပေါ်တွင် တရားမဝင် တင်သွင်းလာသည့် အထောက် အထားမဲ့ Xiaomi Redmi 4A ဟန်းဆက်များအား ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
တရားမဝင် ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက စစ်ဆေးဆောင် ရွက်လျက်ရှိရာ ဇွန် ၂၉ ရက်က ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း တာဝန်ကျ အကောက်ခွန်စစ်ဆေး ရေးအဖွဲ့က မူဆယ်မြို့မှ မန္တလေးမြို့ သို့ သွားရောက်မည့် ခရီးသည်တင် ယာဉ်အား တားဆီးစစ်ဆေးရာ ယာဉ်ပေါ်တွင် ခရီးသည်ပစ္စည်းများနှင့် အတူရောနှော တင်ဆောင်လာသည့် တရားဝင်စာရွက်စာတမ်း အထောက် အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသော Xiaomi Redmi 4A ဟန်းဆက် (၁ဝဝ) Nos ခန့်မှန်းတန်ဖိုး ကျပ်ရှစ်သန်းခန့်အား တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။
ယင်းအပြင် စစ်ဆေးရေးစခန်းများ က တင်သွင်း/တင်ပို့လျက်ရှိသော ကုန်ပစ္စည်းများအား စစ်ဆေးမှု ပြုလုပ်လျက်ရှိရာ ဇွန် ၂၉ ရက်က ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် တရားမဝင် ကုန်စည်တားဆီးနိုင်ခဲ့မှု နှစ်မှု ခန့်မှန်းတန်ဖိုး ကျပ် ၁၁ သန်းခန့်၊ မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းတွင် တရားမဝင် ကုန်စည်များ တားဆီးနိုင်ခဲ့မှု နှစ်မှု ခန့်မှန်းတန်ဖိုး ကျပ် ၄ ဒသမ ၆၅ သန်းခန့်၊ စုစုပေါင်းတားဆီးမှု လေးမှု စုစုပေါင်း ခန့်မှန်းတန်ဖိုး ၁၅ ဒသမ ၆၅ သန်းအား သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
(ဝဝ၁)

No comments:

Post a Comment