Saturday, July 1, 2017

မြို့ပြစီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကယားပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

Image may contain: one or more people and indoor
လွိုင်ကော် ဇွန် ၃ဝ
ကယားပြည်နယ် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် မြို့ပြစီမံ ကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်၂၉ ရက် နံနက် ၁ဝ နာရီက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများက မိမိတို့မြို့နယ်အလိုက် ဆောင်ရွက်လိုသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက မြို့ပြစီမံကိန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ကယားပြည်နယ် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် မြို့ပြစီမံ ကိန်းများအား လွိုင်ကော်မြို့နယ်တွင် ၅၅ ဒသမ ၈ သန်း၊ ဒီးမော့ဆိုမြို့နယ်တွင် ၆၈ ဒသမ ၆၅၇ သိန်း၊ ဖရူဆို မြို့နယ်တွင် ၇၇ သန်း၊ ရှားတောမြို့နယ်တွင် ၇ဝ ဒသမ ၂၅ သန်း၊ ဘောလခဲမြို့နယ်အတွက် သန်း ၅ဝ၊ ဖားဆောင်းမြို့နယ်တွင် ၆၅ ဒသမ ၇၉၃ သန်း၊ မယ်စဲ့ မြို့နယ်တွင် ၆၇ သန်း၊ ရွာသစ်မြို့နယ်တွင် ၄၅ ဒသမ ၅ သန်း စုစုပေါင်း ကျပ်သန်း ၅ဝဝ ဖြင့် ဆောင်ရွက်သွားရန် စီမံလျာထားကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment