Monday, July 3, 2017

မြန်မာနိုင်ငံတွင်Steel Structure ဖြင့် ပထမဦးဆုံးဆောက်လုပ်နေသော ကန်သာယာတာဝါအဆင့်မြင့်စီမံကိန်း ၇ဝ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး

Image may contain: sky, cloud, skyscraper and outdoor
ရန်ကုန် ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မြို့ပြအင်္ဂါ ရပ်များ ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ရာ ယခုအခါ ငလျင်ဒဏ်အပြည့်အဝခံနိုင်သည့် မြန်မာနိုင်ငံ တွင် ပထမဦးဆုံးSteel Structure ဖြင့် ဆောက်လုပ်နေသော စင်ကာပူနိုင်ငံ၏နည်း ပညာဖြင့် အမေရိကန်ဒေါ်လာသန်း ၂ဝဝ အကုန် အကျခံတည်ဆောက်နေသည့် ကန်သာယာ တာဝါအဆင့်မြင့်စီမံကိန်းမှာ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ဆောက်လုပ်ပြီးစီးမှု ၇ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။
အဆိုပါစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် Asia Myanmar Consortium Development ကုမ္ပဏီလီမိတက်တို့မှ အကျိုးတူပူးပေါင်း ဆောင်ရွက် တည်ဆောက်နေခြင်းဖြစ်ပြီး အဆိုပါ ကန်သာယာတာဝါအဆင့်မြင့်စီမံကိန်း တည်နေရာမှာ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့် (သိမ်ဖြူယာဉ်မောင်းသင်တန်းကျောင်းနေရာ) တွင်တည်ရှိကာ မြေဧရိယာအကျယ်အဝန်း ၃ ဒသမ ၅၂ ဧကပေါ်တွင် တည်ဆောက်လျက် ရှိကြောင်းနှင့် စီမံကိန်းဧရိယာအတွင်း အရေးပေါ်မီးသတ်စနစ်အတွက် Fire Lift များ ထည့်သွင်းဆောက်လုပ်ထားကြောင်း သိရသည်။
လက်ရှိအနေအထားအရ အထပ်ပေါင်း ၂၂ ထပ်ပါဝင်ဆောက်လုပ်မည့် Phase 2 အပိုင်းဖြစ်သော OFFICE TOWER ဓာတ်လှေကားခြောက်စင်းမှာ ဆောက်လုပ် ပြီးစီးနေပြီဖြစ်ပြီး မျက်နှာစာအလှဆင်လုပ်ငန်း များနှင့် ရေ၊ မီးသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အထပ်ပေါင်း ၂၂ ထပ် ပါဝင် ဆောက်လုပ်မည်ဖြစ်သော Phase ၃ အပိုင်းဖြစ်သည့်FIVE STAR HOTELဓာတ်လှေကားလေးစင်းမှာလည်း အထပ်ပေါင်း ၁၈ ထပ်နှင့် အကြမ်းထည် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အထပ်ပေါင်း ၂၃ ထပ် ပါဝင်ဆောက်လုပ်မည် ဖြစ်သောSERVICED APARTMENTဓာတ်လှေကားခြောက်စင်းမှာ ဆောက်လုပ် ခြင်းလုပ်ငန်း အကြမ်းထည်ဆောင်ရွက်ပြီးစီး နေပြီဖြစ်ပြီး အုတ်စီခြင်းလုပ်ငန်းမှာလည်း အထပ် ၂ဝ အထိ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း စီမံကိန်းလုပ်ငန်းခွင်မှ သိရ သည်။
ယခုအခါ လူနေတိုက်ခန်းပေါင်း ၁၃၂ ခန်းပါဝင်သော Phase 1 အပိုင်းဖြစ်သည့် အထပ်ပေါင်း ၂၅ ထပ်ပါဝင်ဆောက်လုပ် ထားသော ယူနစ်ပေါင်း ၁၃၂ ယူနစ်ရှိ RESIDENTIAL TOWER ဓာတ်လှေကား သုံးစင်းမှာလည်း ဆောက်လုပ်ပြီးစီးမှု ၉ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်သော ကြောင့် ဇူလိုင် ၂၂ ရက်နှင့် ၂၃ ရက်တွင်RESIDENTIAL TOWER ရေကူးကန် အနီး၌ RESIDENTIAL TOWERအရောင်းပြပွဲကို စည်ကားစွာခင်းကျင်းပြသ သွားမည်ဖြစ်သည်။
အိမ်သုံးပစ္စည်းအပြည့်အစုံပါဝင်သောလူနေတိုက်ခန်းများ ခင်းကျင်းပြသရောင်းချ ပေးသွားမည့်ပုံစံအရ အခန်းအကျယ် တစ်စတုရန်းပေလျှင် ငွေကျပ် နှစ်သိန်းခွဲမှ သုံးသိန်းကျော်အထိရှိမည်ဖြစ်ပြီး လက်ငင်းငွေ ပေးချေမှုအတွက် ကနဦး ၉ဝ ရာခိုင်နှုန်းပေး သွင်းရမည်ဖြစ်ကာ အခန်းအပ်နှံချိန်တွင် ကျန် ၁ဝ ရာခိုင်နှုန်းကို ပေးသွင်းရမည်ဖြစ်ကြောင်း၊ ဧရာဝတီဘဏ်ဖြင့်ချိတ်ဆက်၍ သုံးနှစ်မှ (၁ဝ)နှစ်အထိ အရစ်ကျဝယ်ယူနိုင်အောင် စီစဉ် ထားကြောင်းသိရပြီး ကနဦး ၅ဝ ရာခိုင်နှုန်း ငွေပေးသွင်းရမည်ဖြစ်ကာ ကျန် ၅ဝ ရာခိုင်နှုန်း ကို မိမိယူလိုသည့်နှစ်အလိုက် အရစ်ကျငွေ ပေးသွင်းဝယ်ယူနိုင်အောင် စီစဉ်ထားကြောင်း နှင့် ခင်းကျင်းပြသလျက်ရှိသော ပြပွဲရက်များ အတွင်း ပြပွဲလာအခန်းဝယ်ယူသူများအတွက် ၁ဝ ရာခိုင်နှုန်းလျှော့ဈေးဖြင့် စီစဉ်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်း၌ တည်ဆောက်ပြီးစီးမည့် ကန်သာယာတာဝါ အဆင့်မြင့်အဆောက်အအုံများ ပေါ်ထွက်လာ ပါက နိုင်ငံတကာမှ စီးပွားရေးရင်းနှီးမြှုပ်နှံလို သူများအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေးလုပ်ဆောင်ရန် အဓိကအချက်အချာ ကျမည့်နေရာဖြစ်လာမည်ဖြစ်ပြီး နိုင်ငံတကာ အဆင့်မီ စူပါမားကက်များ၊ ကျန်းမာရေး စင်တာများ၊ ရေကူးကန်များ၊ ကလေးကစား ကွင်းများနှင့် ဆိတ်ငြိမ်အေးချမ်းသာယာသော ကန်တော်ကြီးရှုမျှော်ခင်းကို မြင်တွေ့နိုင်ကြ မည်ဖြစ်ကာ တန်ခိုးကြီးသောလေးဆူဓာတ်ပုံ ရွှေတိဂုံဘုရားအား နေ့စဉ်ဖူးမြင်နိုင်မည်ဖြစ် ကြောင်း သိရသည်။
စိုးဝင်း(MLA)

No comments:

Post a Comment