Saturday, July 29, 2017

Social Media အသုံးချမှုနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ





 နေပြည်တော် ဇူလိုင် ၂၈



 နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနရှိ Communication Unit နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ပြည်ပ ပညာရှင်များအား ဖိတ်ခေါ်ပြီးSocial Media အသုံးချမှုနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတရုံး၊ လွှတ်တော် များ၊ တရားလွှတ်တော်ချုပ်၊ ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်း များမှ အရာထမ်း၊ အမှုထမ်း ၇၅ ဦး တက်ရောက်ကြပြီးSocial Media အသုံးချမှုနှင့်ပတ်သက်သည့် နည်းပညာ များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြကာ Communicat-ion Unit မှ ည့န်ကြားရေးမှူး ဒေါ်သီတာချိုက ဝန်ကြီး ဌာနများ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား Communication Unit သို့ အပတ်စဉ်ပေးပို့မှုနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။
အဆိုပှါSocial Mediaအသုံးချမှုနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၈ ရက်မှ ၂၉ ရက်အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment