Saturday, July 29, 2017

ဈေးကွက်ဝင် ဈေးကောင်းရသီးနှံများ တိုးတက်ထုတ်လုပ်ရောင်းချရေး ဆွေးနွေး





 နေပြည်တော် ဇူလိုင် ၂၈




စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်ယာစိုက်ပျိုးရေးကို စိတ်ပါဝင်စားသည့် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင် များ၏ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာပူးပေါင်းဆောင်ရွက်မှုများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက် ၉ နာရီက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ကျင်းပသည့် ဘွဲ့လွန်သင်ရိုးဆိုင်ရာ သက်ဆိုင်သူများ ညီလာခံအစီအစဉ် အခမ်း အနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆွေးနွေးပြောကြား သည်။
ဈေးကွက်ယှဉ်ပြိုင်နိုင်သော အသေး စား၊ အလတ်စားလုပ်ငန်းများ၊ စိုက်ပျိုး ရေးထွက်ကုန် အခြေခံစက်ရုံများ ဖွံ့ဖြိုး လာရေး၊ လယ်ယာသုံးစက်ကိရိယာများ၊ ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် မျိုးစေ့ကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံ မှုများ ဖိတ်ခေါ်ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများ၏ အကျိုးစီးပွားသာမက နိုင်ငံတော်အတွက် လယ်ယာထွက်ကုန် ဈေးကွက်ဖော်ဆောင်နိုင်ရေး ကဏ္ဍကို ပါ ပိုမိုတိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး သည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အနီး ရှိ ဇမန်းရေလှောင်တမံ သန့်ရှင်းသာယာ လှပရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ရှင်းလင်းပြသသည်။
ယင်းနောက် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ပဲမျိုးစုံ သီးနှံသုတေသနဌာနခွဲ ၏ မတ်ပဲနှင့် ပဲတီစိမ်းသီးနှံသုတေသန စိုက်ခင်းသို့ ရောက်ရှိရာ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးနိုင်ကြည်ဝင်းနှင့် တာဝန်ရှိသူ များက သုတေသနလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က တောင်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိစေနိုင်မည့် ဈေးကွက်ဝင် ဈေးကောင်းရ သီးနှံမျိုးများ တိုးတက် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment