Saturday, July 29, 2017

မြန်မာ့ဒီမိုကရေစီပွဲတော်ကို ရုပ်ရှင်ပြပွဲ၊ အငြိမ့်ပြိုင်ပွဲ၊ ပဒေသာကပွဲများဖြင့် ခမ်းခမ်းနားနားကျင်းပမည်





ရန်ကုန် ဇူလိုင် ၂၈




 မြန်မာ့ဒီမိုကရေစီပွဲတော်ဖွင့်ပွဲနေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံ ၄၆ ရုံ၌ ရုပ်ရှင်ဇာတ်ကား ငါးကား အခမဲ့ပြသမှုအပါအဝင် ပွဲတော်ကာလအတွင်း ရုပ်ရှင်ပွဲတော်နှင့် ဆက်စပ်ပြီး ပဒေသာက ပွဲနှင့် အငြိမ့်ပြိုင်ပွဲများလည်း တွဲဖက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဒီမိုကရေစီပွဲတော်ကျင်းပရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက် ပြီး အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ဒီမိုကရေစီပွဲတော် ကို ရုပ်ရှင်ပြပွဲ၊ အငြိမ့်ပြိုင်ပွဲ၊ ပဒေသာကပွဲများဖြင့် ခမ်းခမ်းနားနား ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပွဲတော်ကျင်းပမှု စနစ်တကျဖြစ်စေ ရေးအတွက် ဦးဆောင်ကော်မတီနှင့် ဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်လုပ်ဆောင် ရန်ရှိသည်များကို ပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း ပြော ကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားòန်ကြားရေး မှူးချုပ် ဦးမြင့်ထွေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ ဦးလူမင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဦးလေး၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံးဥက္ကဋ္ဌကိုယ်စား ဒေါ်ပတ္တမြားကေခိုင်နှင့် တက်ရောက်လာကြသူ များက ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးသည်။
မြန်မာ့ဒီမိုကရေစီပွဲတော်ကို စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ရာ ပွဲတော်စနစ်တကျနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်နှင့် ဆက်စပ်သောအငြိမ့်ပြိုင်ပွဲနှင့် ပဒေသာကပွဲများ ကျင်းပရေး ကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းခဲ့ပြီး ¤င်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးတို့မှ ကိုယ်စားလှယ်တစ်ဦးစီ တို့က နာယကများအဖြစ် ပါဝင်ကြမည်ဖြစ်ကြောင်း သိရ သည်။
မြန်မာ့ဒီမိုကရေစီပွဲတော်ဖွင့်ပွဲနေ့ဖြစ်သည့် စက်တင်ဘာ ၁၅ရက်တွင် နေခြည်မှာရွှေရည်လောင်း၊ သရာစောထီး၊ ဒီမို ရပ်ကွက်၊ တိမ်ပြာသောနေ့၊ ကြီးမြတ်သောမြန်မာအမည်ရှိ ရုပ်ရှင် ဇာတ်ကား ငါးကားကို ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံ ခုနစ်ရုံအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံ ၄၆ ရုံ၌ အခမဲ့ပြသသွားမည်ဖြစ် သည့်အပြင် အငြိမ့်ပြိုင်ပွဲများ၊ ပဒေသာကပွဲများ၊ တေးဂီတ ဖျော်ဖြေပွဲများကိုလည်း တွဲဖက်၍ စည်ကားသိုက်မြိုက်စွာကျင်းပ သွားမည်ဖြစ်ရာ နာမည်ကျော်အနုပညာရှင်များလည်း ပါဝင် ဖျော်ဖြေကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment