Monday, July 3, 2017

စည်းကမ်းမဲ့အမှိုက်မစွန့်ပစ်ရေး Mobile Awareness Vehicle ယာဉ်ဖြင့်ပညာပေးလှုံ့ ဆော်ကာ လက်ကမ်းစာစောင်များဖြန့်ဝေ

Image may contain: 1 person, smiling, walking and outdoor
သာကေတ ဇူလိုင် ၂
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနမှ မိဘပြည်သူများ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိ စေရေးအတွက် Mobile Awareness Vehicle ယာဉ်ဖြင့် ဇွန် ၃ဝ ရက် မွန်းလွဲ ၁ နာရီက သာကေတမြို့နယ်အတွင်း မိဘပြည်သူများ အား အမှိုက်စနစ်တကျ စွန့်ပစ်စေရေး ပညာပေးလှုံ့ဆော်ကာ လက် ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြသည်။
''Mobile Awareness Vehicle မော်တော်ယာဉ်ပေါ်မှာ မိဘ ပြည်သူတွေလေ့လာနိုင်အောင် အမှိုက်အမျိုးအစားအမျိုးမျိုး၊ စွန့်ပစ်မှု သိမ်းဆည်းမှုနှင့်သယ်ယူစွန့်ပစ်မှုအခြေအနေများ၊ အမှိုက်မှစွမ်းအင် ထုတ်လုပ်သည့်စက်ရုံအကြောင်း၊ နောက်ဆုံးအမှိုက်စွန့်ပစ်သည့် ထိန်ပင်နှင့် ထားဝယ်ချောင်အမှိုက်ပုံကြီးအကြောင်းကို လေ့လာနိုင်ရန် ရှင်းလင်းပြသထားပါတယ်။ မိဘပြည်သူတွေအနေနဲ့ အမှိုက်များကို စည်းကမ်းစနစ်တကျစွန့်ပစ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြရန် လို အပ်ပါတယ်'' ဟု တောင်ပိုင်းခရိုင်သန့်ရှင်းရေးဌာန ခရိုင်မှူးဦးသက်ဝေ က ပြောကြားသည်။
အဆိုပါ ပြည်သူအကျိုးပြုပညာပေးဆောင်ရွက်ရာသို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန ဒုတိယဌာနမှူးဒေါက်တာအောင် မြင့်မော်၊ တောင်ပိုင်းခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင် သန်းထွဋ်၊ လက်ထောက်ဌာနမှူးဒေါက်တာ ခင်နှင်းအေး၊ သန့်ရှင်းရေးဌာနတောင်ပိုင်းခရိုင်မှူး ဦးသက်ဝေ၊ ဌာနခွဲမှူးဒေါ်သန်းသန်းဝင်း၊ သာကေတမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင် သန်းနှင့်ဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များပါဝင်ကာ လူထုလှုပ်ရှားမှု အသွင်ဖြင့်ပညာပေးလှုံ့ဆော်ခဲ့ကြသည်။
(၅၉၇)

No comments:

Post a Comment