Monday, July 3, 2017

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ပျိုးပင်စိုက်ပျိုးပေး

Image may contain: 1 person, outdoor and food
ဟားခါး ဇူလိုင် ၂
ချင်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန် မှုဖြင့် ချင်းပြည်နယ်သစ်တောဦးစီး ဌာနမှ ကြီးမှူး၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု စုပေါင်း မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ဇူလိုင် ၁ ရက် နံနက် ၉ နာရီက ဟားခါးမြို့ ရုန်းတောင် (ယခင်တော်လှန်ရေးကန်)အနီး၌ ကျင်းပသည်။
စုပေါင်းမိုးရာသီ သစ်ပင်စိုက်ပွဲ တော်သို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးဇိုဘွဲနှင့် ဒုတိယ ဥက္ကဋ္ဌဦးအောင်သန်း၊ ပြည်နယ် အဆင့် အဖွဲ့အစည်းဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဘာသာရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး ပြည်နယ် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီ သစ်ပင် စိုက်ပွဲတော်ကျင်းပရခြင်းနှင့် သစ် တောသစ်ပင်များ၏အကျိုးကျေးဇူး တန်ဖိုးကြီးမားမှုတို့ကို ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးဇိုဘွဲ၊ ပြည်နယ် အဆင့်အဖွဲ့အစည်းဝင်များက အမျိုး သမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ ကြက်ခြေနီ အသင်းနှင့် ဘာသာရေးအသင်းအဖွဲ့ များမှကိုယ်စားလှယ်များထံသို့ ပျိုးပင် များကို ပေးအပ်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ခါတော်မှီပျိုးပင်ကို သတ်မှတ်နေရာ၌ စိုက်ပျိုးပေးသည်။
ထို့နောက် တက်ရောက်လာကြ သော ပြည်နယ်အဆင့် အဖွဲ့အစည်း ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့ များနှင့် ဒေသခံပြည်သူများက ယူကလစ် ၅ဝဝ၊ မိုင်းဘော ၃ဝဝ၊ ရေသင်းဝင် ၁ဝဝ၊ ချယ်ရီ ၂ဝဝ၊ ခါတော်မှီ ၅ဝ စုစုပေါင်းပျိုးပင် ၁၁၅ဝ ပင်ကို တပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment