Monday, July 3, 2017

ရေတံခါးနှင့် ရေဘေးကာကွယ်ရေးတာများ ကြံ့ခိုင်မှု ကွင်းဆင်းစစ်ဆေး

Image may contain: one or more people, people standing, sky, cloud, outdoor and nature
သာယာဝတီ ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်အတွင်းရှိ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်း တစ်ခုဖြစ်သည့် ရေဘေးကာကွယ်ရေး တာများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောက်ရွက်နေမှုတို့အား ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်သည် ဒုတိယညွှန်ကြားရေးမှူး ဦးစိုးအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေဖြိုး ကျော်နှင့် ဦးစီးအရာရှိများဖြစ်သော ဦးကြည်လွင်ဦး၊ ဦးမင်းမင်းဇော်၊ ဦးကျော်ဇောထွန်းတို့နှင့်အတူ ဇွန် ၃ဝ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် သာယာဝတီခရိုင် မိုးညိုမြို့နယ် မြစ်မခမြစ်အနောက် ဘက်ကမ်းတာပေါ်တွင် တည်ဆောက်ထားသော မြစ်မခရေတံခါးအခြေအနေ၊ ဘုရားကြီးကုန်း ခအောင်းပင်တာနှင့် ပေါက်ကုန်းဆပဂံတာတို့၏ တာပေါင်လမ်းအတိုင်း တာအခြေအနေ၊ ရေကင်းတဲများတည်ဆောက်ထားမှု၊ အရေးပေါ်ကာကွယ်ရေးပစ္စည်းများစုဆောင်းထားရှိမှု၊ တာလုပ်သားဝန်ထမ်းများ ပုံမှန်တာထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကွင်း ဆင်းစစ်ဆေးခဲ့သည်။
ထို့နောက် လက်ပံတန်းမြို့နယ်ရှိ ဖိုးကတိုးတာ တာပုံစံကျဆောင်ရွက်ထားမှုများအား ကွင်း ဆင်းကြည့်ရှုပြီး တာဝန်ထမ်းများအား မိမိတို့ကျန်းမာရေး၊ မိသားစုများကျန်းမာရေးတို့ကို လည်း အထူးဂရုပြုနေထိုင်ကြရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းတွင် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရန်အတွက် ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ထိန်းသိမ်းထားရှိသော ရေဘေး ကာကွယ်ရေးတာ ၃၉ ခုရှိပြီး စုစုပေါင်း အလျားမိုင်အားဖြင့် ၃၉၁ မိုင် ၄ ဖာလုံရှိပြီး စိုက်ပျိုးဧက ၅၁၅ဝဝဝ ကျော်အား ရေဘေးကာကွယ်ပေးလျက်ရှိရာ ¤င်းရေဘေးကာကွယ်ရေး တာ ၃၉ ခု ရှိသည့်အနက်မှ သာယာဝတီခရိုင်အတွင်း၌ ရေဘေးကာကွယ်ရေးတာ ၁၆ ခုရှိရာ အလျား မိုင်အားဖြင့်၁၆၉ မိုင် ၆ ဖာလုံ ရှိပြီး စိုက်ပျိုးမြေဧက ၂၂ဝဝဝဝ ကျော်နှင့် မြို့၊ ကျေးရွာများ ဧရာဝတီမြစ်ရေနှင့် မြစ်မခမြစ်ရေဝင်ရောက်၍ ရေကြီးနစ်မြုပ်သည့် ဘေးမှကာကွယ်ပေးထားသော တာများဖြစ်ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သာယာဝတီခရိုင်အတွင်းရှိ ရေဘေးကာကွယ်ရေးတာများကို ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းများအား ဆောင်ရွက်ခဲ့ပြီး တာ ကြံ့ခိုင်မှု အားနည်းသောအပိုင်းများကို ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ရန်ပုံငွေတို့ဖြင့် တာပုံစံကျတာမြှင့်တင်ပြီး အကြီးစားပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
(သူရိန်ထွန်း)

No comments:

Post a Comment