Thursday, July 27, 2017

Miss Global World 2017 ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည်

Image may contain: 1 person, smiling
ရန်ကုန် ဇူလိုင် ၂၆
နိုင်ငံပေါင်း ၅ဝ ကျော်မှ အလှမယ်များဝင်ရောက်ယှဉ်ပြိုင်သည့် ငါးကြိမ်မြောက်Miss Global 2017 ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ယနေ့ညနေ ၃ နာရီခွဲက ရန်ကုန်မြို့Orchid ဟိုတယ်၌ ကျင်းပခဲ့သောMiss Global Myanmar Organization ၏ စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
မြန်မာ့အလှနှင့် ယဉ်ကျေးမှုကို ကမ္ဘာ့နိုင်ငံများအလယ်တွင် ဖော်ထုတ်ပြလိုသည့် ရည်ရွယ်ချက်ကြောင့် ယင်းအလှမယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။
''ကျွန်တော့်အနေနဲ့ ဒီနှစ်မှ ဒီပြိုင်ပွဲကို ဦးဆောင်ပြီး စတင်ကျင်းပတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်ကတည်းက နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တာပါ။ အခုအကြိမ်က သုံးကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်''ဟု Miss Global Myanmar Organization မှ နေရှင်နယ် ဒါရိုက်တာ ဖုန်းမြတ်သူက ပြောသည်။
ယခုနှစ်တွင် ကျင်းပမည့် Miss Global Myanmar 2017 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံတစ်ဝန်းမှ လှပျိုဖြူများအနေဖြင့် သြဂုတ် ၁ ရက်မှစတင်ကာ စက်တင်ဘာ ၁ဝ ရက်အထိ ရန်ကုန်မြို့ရှိ ပွင့်ဦး Showrooms များတွင် လျှောက်လွှာများကို ဝယ်ယူနိုင်ပြီး လူတွေ့စစ်ဆေးမှုများကို စက်တင်ဘာ ၁၂ ရက်တွင် ပြုလုပ်သွားမည်ဟု သိရသည်။
စက်တင်ဘာ ၂၃ ရက်တွင် နောက်ဆုံးဖိုင်နယ် အလှမယ် ၂ဝ ကို ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ပြီးသော နောက်ဆုံးဖိုင်နယ် အလှမယ် ၂ဝ ကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ပြည်တွင်း ပြည်ပ အတွေ့အကြုံရှိ ဆရာများနှင့် Camp သွင်းလေ့ကျင့် သွားမည်ဖြစ်သည်။ နောက်ဆုံး Miss Global Myanmar 2017 အလှမယ်သရဖူဆုရှင်ကို အောက်တိုဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံကြီး၌ ကျင်းပသွားမည်ဟု သိရသည်။
မေနှင်းဆီ
ဓာတ်ပုံ-မီချီကိုဟန်

No comments:

Post a Comment