Thursday, July 27, 2017

ပုန်းလျှိုးကွယ်လျှိုးသွားခဲ့ပေမယ့် မီဒီယာစာမျက်နှာပေါ်ရောက်ခဲ့ရပြန်တဲ့ တေလာဆွစ်နဲ့ ဂျိုးအော်ဝင်န်

Image may contain: one or more people and people standing
ဟောလိဝုဒ်ရဲ့ နာမည်ကျော်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်နဲ့ ဗြိတိန်နာမည်ကျော်မင်းသား တစ်ဦးဖြစ်တဲ့ ဂျိုးအော်ဝင်န်တို့ဟာ သူတို့နှစ်ဦးအကြားက ဆက်ဆံရေးနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် နှစ်ဦးသားလှုပ်ရှားသွားလာရာမှာလည်း အတတ်နိုင်ဆုံး တိတ်တဆိတ်လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။ မီဒီယာတွေကိုရှောင်ရှားချင်တဲ့အတွက် ရုပ်ဖျက်သွားလာတာမျိုးတွေကို ပြုလုပ်ခဲ့ပြီး လတ်တလောမှာလည်း မျက်နှာတွေကို ကွယ်ဝှက်ကာ သွားလာခဲ့ပေမယ့် မီဒီယာအချို့က သူတို့နှစ်ဦးရဲ့ပုံရိပ်တွေကို အမိအရ ရိုက်ယူ ထားနိုင်ခဲ့တာကြောင့် မီဒီယာစာမျက်နှာတွေပေါ်မှာ ဓာတ်ပုံနဲ့အတူ ရေးသားဖော်ပြခြင်းခံခဲ့ရ ပြန်တာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ စနေနေ့မှာတော့ နယူးယော့ခ်မှာရှိတဲ့ တေလာဆွစ်ရဲ့ တိုက်ခန်းကနေထွက်ခွာ လာတဲ့ တေလာဆွစ်နဲ့ သူ့ရဲ့ချစ်သူ ဂျိုးအော်ဝင်န်တို့ကို မီဒီယာတွေက ဓာတ်ပုံရိုက်ယူထားနိုင် ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးဟာ အားကစားဝတ်စုံတွေနဲ့ ကျောပိုးအိတ်တစ်လုံးစီကို လွယ်ထားတာ တွေ့ရပြီး အားကစားခန်းမတစ်ခုကို သွားကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီလိုနေအိမ်ကနေထွက်ခွာရာမှာ မီဒီယာတွေသတိမထားမိစေဖို့ ကြယ်ပွင့်စုံတွဲဟာ ကြီးမားတဲ့ထီးကြီးကို အကာအကွယ်ယူကာ သူတို့ရဲ့ကားရှိရာကို သွားရောက်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ နှစ်ဦးစလုံးဟာ ခေါင်းစွပ်တွေပါတဲ့အင်္ကျီကြီးတွေကို ဝတ်ဆင်ထားကြပြီး မျက်နှာတွေကို အင်္ကျီခေါင်းစွပ်တွေနဲ့ ဖုံးအုပ်ထားဖို့လည်း ကြိုးပမ်းခဲ့ကြပါတယ်။ တေလာ ဆွစ်ကတော့ ကားဆီသို့သွားရာလမ်းတစ်လျှောက်မှာ အောက်ကြမ်းပြင်ကိုသာ မျက်နှာမူထားရင်း လျှောက်လှမ်းလာကာ ချစ်သူရဲ့လက်မောင်းကိုလည်း တွဲကာလိုက်ပါလာခဲ့တာကိုလည်း တွေ့ရ ပါတယ်။ ဂျိုးအော်ဝင်န်ကတော့ တေလာလိုအင်္ကျီနဲ့ ဖုံးကွယ်ဖို့ကြိုးပမ်းရင်း တစ်ချိန်တည်းမှာလည်း ကြီးမားတဲ့ထီးကြီးနဲ့ ကွယ်ဖို့လည်း ကြိုးစားခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာ အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ပ်ကြယ်ပွင့်တေလာဆွစ်နဲ့ (၂၆)နှစ်အရွယ် မင်းသားချော ဂျိုးအော်ဝင်န်တို့ဟာ ချိန်းဆိုတွေ့ဆုံလာခဲ့ကြတာ လအတော်ကြာ ခဲ့ပြီဖြစ်ပေမယ့် လတ်တလောအချိန်အထိတော့ ချစ်သူတွေဖြစ်နေကြောင်း တရားဝင်ထုတ်ဖော် ပြောကြားခြင်းမရှိသေးပါဘူး။ ဒါ့အပြင် သူတို့နှစ်ဦးရဲ့လှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ရက် မီဒီယာတွေပေါ်မှာတောင် ထုတ်ဖော်ပြသခဲ့ခြင်း မရှိသေးကြောင်းလည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment