Thursday, July 27, 2017

အာဖဂန်၌တိုက်ပွဲများပြင်းထန်လျက်ရှိပြီး အာဖဂန်တပ်ဖွဲ့ဝင်အယောက် ၃ဝ ကို တာလီဘန်တို့ကသတ်ဖြတ်

Image may contain: one or more people, mountain, sky, outdoor and nature

ကန်ဒဟာ ဇူလိုင် ၂၆
အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒဟာ တောင်ပိုင်းပြည်နယ်တွင် စစ်အခြေစိုက် စခန်းကို ပစ်မှတ်ထားလျက်ဖြစ်ပွားခဲ့ သည့် တိုက်ခိုက်မှုအတွင်း တာလီဘန် စစ်သွေြး<ွကများက အာဖဂန်တပ်ဖွဲ့ဝင် အယောက် ၃ဝကို သတ်ဖြတ်သွားခဲ့ ကြောင်း တပ်မတော်မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ ကြောင်းသိရသည်။
အာဖဂန်နိုင်ငံတစ်ဝန်းတွင်တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားလျက်ရှိသည်။ ကန်ဒဟာမှစစ်ဘက်ဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူ ဆက်ဒစ်အီဆာက တာလီဘန် တို့သည် ကန်ဒဟာမြို့မြောက်ပိုင်းရှိ ခါကရစ်ဒေသရှေ့တန်းကင်းစခန်းကို ညသန်းခေါင်အချိန်တွင်ဝင်ရောက်တိုက် ခိုက်ခဲ့ကြပြီး ကင်းစခန်းကိုအပိုင်စီးကာ စစ်လက်နက်များနှင့် မော်တော်ယာဉ် များကို သိမ်းဆည်းရယူခဲ့ကြကြောင်း ပြောကြားခဲ့သည်။
တိုက်ပွဲများအရှိန်အဟုန်ပြင်းထန် စွာဖြစ်ပွားခဲ့ပြီးသည့်နောက်တွင် တပ် မတော်ဘက်မှတပ်ဖွဲ့ဝင် အယောက် ၃ဝ ကျဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း 4င်းကပြောသည်။ အမြောက် တပ်ရင်း ၂ဝ၅ မှ တပ်မှူးဂျန်အီမန်နာဇာက အသေအပျောက် အရေအတွက်နှင့် ပတ်သက်၍ ငြင်းဆိုလျက်ရှိပြီး စစ်သွေးြ<ွကများကို ပြန်လည်တွန်းလှန်တိုက်ခိုက် သွားရန် စစ်ကူများထပ်မံရောက်ရှိလာ ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဖဂန်နိုင်ငံတစ်ဝန်းတိုက်ပွဲများ ပိုမိုပြင်းထန်လာလျက်ရှိပြီး နိုင်ငံအတွင်းရှိ နေရာအများအပြားတို့တွင် လုံခြုံရေး ဆိုင်ရာတည်ငြိမ်မှုများယိုယွင်းလာပြီး ရက်အနည်းငယ်အတွင်း ကန်ဒဟာ မြောက်ပိုင်းကင်းစခန်းကို တာလီဘန် တို့၏ တိုက်ခိုက်မှုဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ကဘူးလ်မြို့တော်အတွင်းရှိ အဆင့် မြင့်အရာရှိကြီးများအား ပစ်မှတ်ထား သည့်တိုက်ခိုက်မှုလည်း အပါအဝင် ဖြစ် သည်။
တိုက်ပွဲများ ပြင်းထန်နေချိန်တွင် အာဖဂန်သို့ နောက်ထပ်တပ်ဖွဲ့ဝင်လေး ထောင်ဝန်းကျင်ကို ပို့ဆောင်မည့် အမေ ရိကန်သည် ဒေသတွင်းနိုင်ငံများအတွက် ¤င်း၏ နည်းဗျူဟာအသစ်တစ်ရပ်ကို ကြေညာရန် လုပ်ဆောင်နေဆဲဖြစ် ကြောင်း သိရသည်။
(ရိုက်တာ)

No comments:

Post a Comment